By Development Media Group (DMG)/ July 11

မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်ကျေးရွာမှရွာသား ၂ ဦးမှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မျှစ်ခူးရန်သွားကြစဉ် ပျောက်ဆုံးသွားခဲ့သည်။
ရွာသား ၂ ဦး ပျောက်ဆုံးနေသည့်အတွက် ဇူလိုင်လ ၁၁ ရက်နေ့က လိုက်လံရှာဖွေကြရာ အင်အား ၅၀ ခန့်ရှိသည့် ကျေးရွာအမည်မသိ မွတ်စလင်များမှ ရိုက်နှက်ပြီး ကြိးဖြင့်ချည်နှောင်ထားခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောသည်။
“ဟုတ်ပါတယ်။ သူတို့ ၂ ဦးက အခု ကြိမ်ချောင်း တပ်မဆေးခန်းမှာ ဆေးကုသမှုခံနေကြပါတယ်။ ဒဏ်ရာတွေတော့ ပါတယ်။ ဒဏ်ရာတွေကတော့ သိပ်မများပါဘူး။ ထိရှဒဏ်ရာတွေနဲ့ ရိုက်နှက်ဒဏ်ရာတွေ ပါတယ်” ဟု ပြောသည်။
အဆိုပါကျေးရွာသား၂ ဦးမှာ နေထွန်း အသက် ၄၈ နှစ် (ဘ) စိပူနှင့် စိန်ညှာ အသက် ၄၆ နှစ် (ဘ) ဦးရန်နွမ်းတို့ဖြစ်ကြပြီး ကြိမ်ချောင်းတပ်မဆေးခန်း၌ ဆေးကုသမှုခံယူပြီး မိမိတို့ကျေးရွာသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အသေးစိတ်နှင့် မည်သည့်အတွက်ကြောင့် ရိုက်နှက်သည်ကို DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ကျေးရွာသားများကို ရိုက်နှက်ခဲ့သော မွတ်ဆလင်များမှာ အင်အား ၅၀ ခန့်ရှိပြီး ၎င်းတို့နှင့်အတူ ကျွဲ၊ နွားများပါ ပါဝင်သည်ကို တွေ့မြင်ခဲ့ရသည်ဟု ရိုက်နှက်ခံခဲ့ရသည့် ကျေးရွာသားများက ပြောသည်။
https://www.facebook.com/dmgnewsagency/posts/2058755510943516