မောင်တောတွင် ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံးပြန်

By Narinjara/ 2021 July 8

ဆောင်းဇာခြည်

Photo – Chit Htoo Khine

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မောင်တောမြို့၊ ရပ်ကွက် (၂)နေ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဖြစ်သည်။

သူမသည် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်က မောင်တောဆေးရုံကြီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးမှူး ဒေါက်တာ နုကေသီစံက ပြောသည်။

“မနက် ၁ဝ နာရီ ၁ဝ မိနစ်လောက်က ဆုံးသွားတာပါ။ သူ့မှာ ဆီးချို၊ သွေးတိုးရောဂါအခံတွေ ရှိပါတယ်။” ဟု ပြောသည်။

အလားတူ တောင်ကုတ်မြို့တွင်လည်း ယနေ့ နံနက်ပိုင်းက အသက် (၅၀) အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

လက်ရှိတွင် မောင်တောဆေးရုံကြီး၌ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ စုစုပေါင်း ၃ ဦးရှိပြီဖြစ်ကြောင်းလည်း သူမ ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇွန်လ ၂၈ ရက်မှ ယနေ့ညနေပိုင်းအထိ ကိုဗစ်ဖြင့် သေဆုံးသူ ၇ ဦးရှိလာပြီဖြစ်သည်။

ရခိုင်တစ်ပြည်နယ်လုံးတွင်လည်း လူပေါင်း ၆ဝဝ ကျော် ကိုဗစ်ရောဂါကူးစက်ခံနေရသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4477440465601329

Leave a Reply

Your email address will not be published.