By Western News/ 2021 July 3
မောင်တောတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလျှက်ရှိသည့်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ဆိုင်ထိုင်စားသောက်ခွင့်ကို ပိတ်ပင်လိုက်ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဇူလိုင်လ ၂ ရက်နေ့ ကထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၃ ရက်နေ့မှစ၍ မောင်တောမြို့ရှိ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အခြားစားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုတော့ကြောင်းနှင့် လိုက်နာမှုမရှိပါက ထုတ်ပြန်ထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါရှိသည်။
၎င်းထုတ်ပြန်ချက်ကို မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမှုဆောင်အရာရှိ ဦးမောင်အေးသိန်း၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ် သည်။မောင်တောမြို့နယ်တွင် ဇွန်လ ၃ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူမှာ ၂၀၀ ကျော်အထိရှိနေပြီး ရခိုင်တွင် ကိုဗစ်ကူးစက်ပြန့်ပွားမှု အများဆုံး မြို့တစ်မြို့ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/322372122902632