By Western News/ 2021 July 26
မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရခိုင်ပြည်နယ်မြို့တော်ဖြစ်သည် စစ်တွေမြို့ပေါ်မှ လမ်းတချို့နှင့် ရပ်ကွက်တစ်ချို့တွင် ယနေ့ ဇူလိုင် ၂၅ ရက်မှစ၍ ရေပြည့်ရေလျှံလျက်ရှိနေသည်။
ရေပြည့်လျှံမှုဖြစ်ပွားနေသည့် လမ်းတစ်ချို့မှာ ဓညဝတီ(ခ)ရပ်ကွက်ရှိ ကွန်ကရစ်ခင်းထားသည့်လမ်း ၂ လမ်းနှင့် ကန်တော်ကြီး ရပ်ကွက်ရှိ ကတ္တရာခင်းထားသည့် လမ်း ၃ လမ်းတို့ဖြစ်တွင် ၁ ပေကျော်ခန့်အထိ ရေပြည့်လျှံနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ရေပြည့်လျှံနေခြင်းကြောင့် လမ်းသွားလမ်းလာတို့အပိုင်းတွင် အခက်အခဲများရှိကြောင်းနှင့် ဆိုင်ကယ်၊ သုံးဘီးတို့ဖြင့် သွားလျှင်လည်း စက်ရပ် သွားသည့်အခြေအနေတို့နှင့် ကြုံတွေ့နေရသည်ဟု ကန်တော်ကြီးရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ဦးကျော်လှဆန်းက ပြောသည်။
ယင်းအပြင် ဓညဝတီ(ခ)ရပ်ကွက်ရှိ ကွန်ကရစ်ခင်းထားသော လမ်းတချို့မှာလည်း မိုးရာသီရောက်တိုင်း ယခုလိုရေပြည့်လျှံမှုနှင့် အမြဲတမ်းကြုံတွေ့နေရသည်ဟု ယင်းရပ်ကွက်နေ ဒေါ်မယဉ်စိုးကပြောသည်။
မိုးရွာသွန်းလာလျှင် ရေများမှာစီးဆင်းမည့်နေရာသို့ သွားမည့် ရေမြောင်းများမှာ ပိတ်ဆို့မှုများဖြစ်နေသဖြင့် ယခုလိုရေပြည့်လျှံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုလည်း ရပ်ကွက်နေသူများကပြောဆိုသည်။
https://www.facebook.com/westernnewsagency/posts/337729891366855