မာန်အောင်မြို့နယ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ကျသည့် ရဲဝန်ထမ်း ၃ ဦးတွင် ကိုဗစ်ပိုးတွေ့

By Development Media Group (DMG)/ July 16

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရဲစခန်းသို့ အသစ်ပြောင်းရွှေ့ တာဝန်ကျလာသည့် ရဲဝန်ထမ်း ၃ ဦးတွင် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းရဲဝန်ထမ်းသုံးဦးမှာ ရန်ကုန်မြို့မှ မာန်အောင်မြို့နယ်ရဲစခန်းသို့ ပောင်းရွှေ့တာဝန်ကျလာသူများဖြစ်ပြီး ဇူလိုင် ၁၄ ရက်နေ့က မာန်အောင်မြို့နယ်သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မာန်အောင်မြို့ စေတနာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုကျော်မိုးနိုင်က ပြောသည်။

“မာန်အောင်ကို တာဝန်ထမ်းဆောင်ဖို့လာတဲ့ ရဲဝန်ထမ်းသုံးဦး ပိုးတွေ့တယ်။ သူတို့ကို မာန်အောင်ရောက်ကတည်းက သီးခြား ထားတာ” ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ပြီး ၃ ရက်အကြာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း သီးခြား တည်ရှိနေသော မြို့နယ်တစ်ခုဖြစ်သဖြင့် ကိုဗစ်ကာကွယ်တားဆီးကုသရေးဆောင်ရွက်ရာတွင် အခြားမြို့နယ်များထက် အခက်အခဲပိုများကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2062516907234043

Leave a Reply

Your email address will not be published.