မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

By Development Media Group (DMG)/ July 19

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာတစ်ဦးမှာ ယနေ့နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်မှ အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရောဂါအခံရှိသူဖြစ်ကြောင်း မာန်အောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာ ဦးစောမင်းကပြောသည်။

“သူက မနေ့ကဆေးရုံကို အသည်းအသန်ဖြစ်ပြီးလာပြတာပါ။ သူ့မှာကိုဗစ်ပိုးတွေ့တယ်၊ အောက်ဆီဂျင်ကျနေလို့ တစ်ညလုံးအောက်ဆီဂျင်ပေးတာ မရလိုက်ဘူး။ ဒီနေ့မနက်မှာဘဲ ဆုံးသွားတယ်။ မိသားစုတွေကတော့ လူနာမှာရောဂါအခံရှိတယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ မာန်အောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၇ ဦးရှိပြီး ယင်းအထဲမှာ အရေးပေါ်အောက်ဆီဂျင်ပေးကုသ နေရသူ ၃ ဦးရှိကြောင်း မြို့နယ်ဆေးရုံမှ သိရသည်။

မာန်အောင်ဆေးရုံတွင် လတ်တလောအောက်ဆီဂျင် ၄ အိုးရှိပြီး အောက်ဆီဂျင်မှာယူရေးအပိုင်းတွင် အခက်အခဲရှိနေကြောင်း လူမှုအဖွဲ့အစည်းများမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ COVID-19 အတည်ပြုလူနာများထဲမှ သေဆုံးသူ ၄၁ ဦးအထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2064699587015775

Leave a Reply

Your email address will not be published.