မာန်အောင်တွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦး စတွေ့

By Development Media Group (DMG)/ July 14

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦးစတင်တွေ့ရှိရကြောင်း မာန်အောင်အခြေစိုက် လူမှုအဖွဲ့အစည်းထံမှ သိရသည်။

ယင်းကိုဗစ်ပိုးတွေ့ရှိလူနာများမှာ မာန်အောင်မြို့ထဲမှ အမျိုးသမီးတစ်ဦးနှင့် ခအုန်းမော်ကျေးရွာမှ အမျိုးသမီးတိုဖြစ်ကြပြီး အနံ့မရသည့်အတွက် ဆေးရုံလာရောက်ပြသရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ကာကွယ်ရေးတွင် လုပ်ဆောင်ပေးနေသည့် စေတနာရှင်လူမှှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က ပြောသည်။

“သူက အနံ့မရလို့ ဆေးရုံလာတဲ့အခါ ကိုဗစ်ပိုးစစ်ဆဲတွေ့ရှိတာပါ။ လက်ရှိလူနာက အနံ့မရတာကလွဲလို့ ဘာမှမဖြစ်ပါဘူး။ လူနာကိုတော့ သီးခြားခွဲကာစောင့်ကြည့်ထားပြီး ဆေးကုသပေးဖို့ လုပ်ဆောင်ထားပါတယ် ဆက်စပ်တွေကိုလဲ အသွားအလာ ကန့်သတ်ထားတယ်” ဟု ပြောသည်။

ပိုးတွေ့လူနာ ၂ ဦးထဲမှ တစ်ဦးမှာ ကျောက်ဖြူမြို့နယ်မှ မာန်အောင်မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည်မှာ မကြာသေးဘဲ နောက်ထပ်တစ်ဦးမှာ ခရီးသွားရာဇဝင်မရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့နယ်တစ်ခုဖြစ်သည့်အတွက် အရေးပေါ်လူနာများ များလာပါက Oxygen လုံလောက်မှုမရှိမည်ကို စိုးရိမ်နေရကြောင်းလည်း သူကထပ်မံပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူများမှာ တစ်နေ့ထက်တစ်နေ့ ကူးစက်သူနှင့်သေဆုံးသူဦးရေ များပြားလာနေပြီး မြို့နယ်အများစုမှာလည်း အောက်ဆီဂျင်မပြတ်လပ်စေရန်အတွက် အားထုတ်နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/2061065274045873

Leave a Reply

Your email address will not be published.