By Narinjara/ 2021 July 6
ဝါးတောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး တောင်ပုတ်ကေ၊ သလူချောင်း၊ ဘောင်းဒွတ်၊ ငင်းတက်၊ ဆင်ကြီးပြင်၊ ကုလားမတောင်၊ ဒဂုန် စတဲ့ ကျေးရွာတွေက လူဦးရေ ၁၆၀ လောက် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီစစ်ဘေးရှောင်စခန်းက တဲအိမ်လေးတွေဟာ ဆောက်လုပ်ထားတာ ကြာပြီဖြစ်တဲ့အတွက် ဆွေးမြေ့ကာ ပြိုပျက်လာတာကြောင့် အရေးပေါ်ပြုပြင်ဖို့ လိုအပ်နေတယ်လို့ ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဆရာတော် ဦးဥတ္တရက မိန့်ကြားပါတယ်။
https://www.facebook.com/dmgnewsagency/posts/2054820718003662