မင်းပြားတွင်ကိုဗစ်ဖြင့် အသက်၂၈နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင် တစ်ဦး ပထမဆုံးသေဆုံး

By Narinjara/ 2021 July 25

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယနေ့ နံနက်က ပထမဆုံး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မင်းပြား မြို့နယ်၊ ကုလားမတောင်ကျေးရွာတွင် နေထိုင်သူ ကိုယ်ဝန်(၅)လခန့် လွယ်ထားရသည့် အသက်(၂၈)နှစ် အမျိုးသမီးဖြစ်ကြောင်း၊ သူမမှာ ယနေ့နံနက်က အသက်ရှုကျပ်ပြီး ဆေးရုံသို့ရောက်ရှိလာကာ တစ်နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မင်းပြားဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်းက အတည်ပြုပြောကြားသည်။

“ သူကဒီနေ့နံနက်အသက်ရှုကျပ်လို့ရောက်လာပြီးလိုအပ်တဲ့ ကုသမှုပေးပြီးတစ်နာရီဝက်အတွင်းမှာ သေဆုံးတာပါ။ အဖြေက ပိုးတွေ့တယ်လို့သိရတယ်။ ရောဂါအခံကတော့ ဒီအပတ်ထဲမှာ ရေနစ်ဖူးတယ်လို့ သိရတယ်။ ချောင်းဆိုး၊ ရင်ကျပ်နေတယ်ပေါ့” ဟုပြောသည်။

မင်းပြားမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးခန့်ရှိပြီး ယနေ့ သေဆုံးသည့် ကိုယ်ဝန်ဆောင် မိခင်မှာမင်းပြားတွင် ပထမဆုံးကိုဗစ်လူနာ သေဆုံးခြင်း ဖြစ်ကြောင်းသိရသည်။

ရခိုင်တွင် မေလ ၁၂ ရက်နေ့မှ ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂ဝ၁၈ ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၉၂ဝ) ဦးနှင့်သေဆုံးသူ(၉၇) ဦးခန့်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ယနေ့နံနက်က ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4526471617364880

Leave a Reply

Your email address will not be published.