ဘူးသီးတောင်မြို့ ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး နှိုးဆော်မှုများပြုလုပ်

By Narinjara/ 2021 July 26

ရဲသွေးနီနီ (စည်တောင်)

ဘူးသီးတောင်မြို့ ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး နှိုးဆော်မှုများကို ဘူးသီးတောင်မြို့ပေါ်တွင် ပြုလုပ်နေကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူ ဦးအောင်ဝင်းထွန်းက နိရဥ္ဇရာသတင်းဌာနသို့ ပြောသည်။

“အဓိကတော့ ကိုဗစ်ကာကွယ်ရေးအတွက်ပေါ့နော် မတ်စ် တွေဖြန့်ဝေတာပါ။ Mask မတ်စ်မတပ်ကြတဲ့ လူတွေကို တပ်ကြဖို့၊ လူစုလူဝေးတွေမလုပ်ကြဖို့၊ ဆိုင်ထိုင် စားသောက်တာတွေ မလုပ်ကြဖို့ အသိပေး နှိုးဆော်တာတွေ လုပ်တာပါ။ မြို့ဝင်ဂိတ်၊ လမ်းဆုံလမ်းခွတွေ မြို့မစျေးထဲ စတဲ့ နေရာတွေကို အဓိကလုပ်ဖြစ်တယ်။ နောက်ပြီး စျေးထဲမှာဆို မတ်စ် မတပ်ဘဲ စျေးရောင်း စျေးဝယ်တာတွေရှိတော့ အဲဒါတွေကို အသိပေးနှိုးဆော်တာပါ” ဟု ပြောသည်။

၎င်းလှုပ်ရှားမှုကို ဇူလိုင် ၂၃ ရက် နေ့ကစတင်ပြီးလုပ်ဆောင်နေရာ ယခင်ကထက် လိုက်နာမှု အားကောင်းလာခဲ့ကြောင်း၊ ကိုဗစ်ကာကွယ်ရေး အတွက် မတ်စ် မပါသူများကို နှာခေါင်းစည်း Mask ဝေပေးခြင်းအပြင် အရမ်းဟောင်းနေသည့် Mask များကို အသစ်ပြန်လဲပေးမှုများကို အဓိက လုပ်ဆောင်ကြောင်း ဦးအောင်ဝင်းထွန်းက ဆိုသည်။

အဆိုပါအသိပညာပေး လှုပ်ရှားမှုတွင် WDAB Emergency Service အဖွဲ့၊ အမျိုးသမီးအသင်းအဖွဲ့များ၊ မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စသောအဖွဲ့များ မှ လူကြီး၊ လူငယ်များ သာမက ရပ်ကွက် အုပ်ချုပ်ရေးမှူးများလည်းပါဝင်ပြီး စေတနာ့ဝန်ထမ်း အင်အား ၇၀ မှ ၁၀၀ ကြားရှိကြောင်းလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4528826763796032

Leave a Reply

Your email address will not be published.