By Narinjara/ 2021 July 12

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၂၃၀ သေဆုံးခဲ့ပြီး Positive အတည်ပြုလူနာ ၁၁၈၇၄ ဦးထိ ရှိကြောင်း The Independent သတင်းတွင် ဖော်ပြသည်။
၎င်းသေဆုံးမှုမှာ လွန်ခဲ့သော ၂၄ နာရီ အတွင်း တနင်္ဂနွေနေ့ နံနက်အထိ ဖြစ်ပြီး လွန်ခဲ့သည့်နှစ်မတ်လက စပြီး အများဆုံး သေဆုံးခဲ့သည့် နေ့ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်တွင် သေဆုံးသူ အရေအတွက်မှာ ၁၆၄၁၉ ဦးရှိပြီး ကူးစက်ခံရသူမှာ ၁၀၂၁၁၈၉ ဦး ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ရောဂါကူးစက်ခံရပြီး ပြန်လည် သက်သာလာသူ ၈၇၄၅၀၁ ဦးရှိပြီး ရောဂါကူးစက်ခံရသူ၏ ၈၅.၆၄ ရာနှုန်းရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4487592167919492