By Development Media Group (DMG)/ July 17
ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ်သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်၌ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ဗိုလ်မှူးကြီးဘုန်းမြတ်သည် ရက္ခိုင့်တပ်တော်၏ ဗွေဆော်ဦးတိုက်ပွဲကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သလို ဖခင်ကွယ်လွန်ချိန်၌လည်း ပူးဆွေးနေမည့်အစား တိုင်းပြည်အရေး တော်လှန်ရေးတာဝန်ကို ဦးစားပေးကာ ပလက်ဝထိုးစစ်ကို ဦးဆောင်တိုက်ပွဲဝင်ပြီး အောင်မြင်မှုရယူခဲ့သူဖြစ်ကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်အတွက် ရက္ခိုင့်တပ်တော်၏ တပ်မှူးချုပ်/ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဦးညွွှတ်ဂုဏ်ပြုကြောင်း သူ၏ တွစ်တာအကောင့်တွင် ဖော်ပြထားသည်။
https://www.facebook.com/dmgnewsagency/posts/2063448437140890