By Development Media Group (DMG)/ July 21
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ရခိုင်ပြည်အတွင်း ကိုဗစ်ကူးစက်မှု ဆက်လက်မပြန့်ပွားစေရန်အတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် (Stay at Home) ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ခန့် သတ်မှတ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့သည်။
Stay at Home နှစ်ပတ်တာ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူလူထုအတွက် ဝိုင်းဝန်းဖြေရှင်း ပေးကြရန်လည်း ULA က တိုက်တွန်းထားသည်။
ULA မှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို ရခိုင်ဒေသပြည်သူလူထုတစ်ရပ်လုံး လိုက်နာကြရန်နှင့် မလိုက်နာသူများကို ကိုဗစ်စည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
ယင်းသို့ Stay at Home သတ်မှတ်ကြောင်း ထုတ်ပြန်ပြီး နောက်တစ်နေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျောက်ဖြူမြို့အတွင်း မြင်ကွင်းများကို ယခုကဲ့သို့ တွေ့မြင်ရသည်။
https://www.facebook.com/dmgnewsagency/posts/2066276583524742