By Narinjara/ 2021 July 21
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မြို့လူငယ်တစ်ဦးမှာ ယနေ့ နေ့လယ် ၁၂ နာရီကျော်က မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်သွားကာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင် လာရကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူမှာမြိုလူမျိုးလူငယ်တစ်ဦးဖြစ်သူ ဦးဘမောင်(၁၆)နှစ်ဖြစ်သည်။
၎င်းသည် ယနေ့နံနက် ၁ဝ နာရီကျော်က ရွာသား ၃ ဦးနှင့်အတူ ရွာနှင့် ခြေလျင်တစ်နာရီခန့်သွားရသည့် နတ်တလင်းတောင်တွင် တောကြက်ကျော့ကွင်းထောင်ထားရာသို့ သွားရောက်ခဲ့ရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း အထက်မြတ်လှဲကျေးရွာအုပ်ချုပ်ရေးမှူ ဦးလပြည့်အောင်က နိရဥ္စရာသတင်းဌာနအားအတည်ပြုပြောကြားသည်။
“ သူ့က အဖော်တွေနဲ့တောကြက်ကိုင်းထောင်ထားတဲ့နေရာကိုသွားတာပါ။ ကျွန်တော်တို့အိမ်နားမှာ သူ့အဖေနဲ့ရွာသားတွေသွားထမ်းလာပြီးချထားတာပါ။ ဆေးရုံတင်သွားပါပြီ” ဟုပြောသည်။
မိုင်းနင်းမိပြီး ညာခြေထောက်ဒူးအောက်ပိုင်းပြတ်ထွက်သွားကြောင်း ၎င်းက ပြောသည်။
အဆိုပါလူနာအား ယိုးတရုတ်နာရေးကူညီမှုကားဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4514215385257170