By Western News/ 2021 July 29

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပလက်ဝပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသက်ဝင်းတွင် အပါအဝင် ဆေးရုံဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရကြောင်း တာဝန်ကျဆေးရုံဝန်ထမ်း က ပြောသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ပလက်ဝဆေးရုံအုပ်ကြီးမှာ ယနေ့နံနက်က စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ပလက်ဝဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ကံကိုး က Western News ကိုပြောသည်။
“ဆရာမတွေက ဖုန်းဆက်ပြောလာတာတော့ရှိတယ်။ ဆေးရုံအုပ်ကြီးမှာ ဒီနေ့မနက်က ကိုဗစ်ပိုးတွေ့ တယ်လို့သိရတယ်။ လောလော ဆယ်ကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်”ဟုပြောသည်။
ပလက်ဝဆေးရုံအုပ်ကြီးမှာ နှလုံးရောဂါအခံရှိပြီး ပလက်ဝဆေးရုံကို တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသည်မှာလည်း ၁ နှစ် ကျော်သာရှိသေးကြောင်းလည်းသိရသည်။
ယင်းအပြင် ပလက်ဝဆေးရုံတွင် ဇူလိုင်လ ၁၈ နေ့ကလည်း ဆေးရုံဝန်ထမ်းသုံးဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်ပိုင်းတွင် ရှိသည့် ကျန်းမာရေးဝန်ထမ်းအင်အားဖြင့်သာ ပုံမှန်လည်ပတ်နေရကြောင်း ဒေါ်ကံတိုးက ဆက်လက်ပြော ဆိုသည်။
ပလက်ဝတွင် ဇူလိုင်လ ၂၇ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ ၂၃၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၉၀ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/339468257859685