ပလက်ဝဆေးရုံဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းအချို့ ကိုဗစ်ကူးစက်ခံရ

By Narinjara/ 2021 July 29

သဥ္ဇာနွယ်

ချင်းပြည်နယ် ပလက်ဝမြိူ့နယ် ခုတင်(၅၀)ဆံ့ဆေးရုံကြီးတွင် ဆေးရုံဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းအချို့သည် ယနေ့တွင် ကိုဗစ်ကူးစက်ခံထားရကြောင်း ကိုဗစ်ကူးစက်ခံထားရသော ဆရာဝန်ကြီးက နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“ပိုးကူးစက်ခံရသူက ကျနော်ကိုယ်တိုင်ပါပဲ။ ဒီကနေ့မနက်ကမှ ပိုးတွေ့တာပါ။ ကိုဗစ်လူနာတွေကိုကုရင်းနဲ့ ဆရာအပါအဝင် တခြားကျန်းမာရေးဝန်ထမ်းတချို့လည်း ကူးဗစ်ကူးစက်ခံရတာပါ။”ဟု ပြောသည်။

ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိနိုင်ရန်မေးမြန်းခဲ့သော်လည်း မေးမြန်း၍ မရခဲ့ပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ညပိုင်းအထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၂၄၂ ဦးရှိနေပြီး ကုသဆဲ ၁၃၄ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၁၀၇ ဦးတို့ရှိကြောင်းလည်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4538119329533442

Leave a Reply

Your email address will not be published.