By Western News/ 2021 July 21

ရခိုင်ပြည်နယ်တွင် ကိုဗစ်တိတတိယလှိုင်း၌ သေဆုံးသူမှာ ဇူလိုင် ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်အထိ ၆၃ ဦး ထိရှိလာ ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ယနေ့ ဇူလိုင် ၂၁ရက်နေ့တွင်ထုတ်ပြန်သည်။
ယခင် ကိုဗစ်၁၉ ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ၂ ခုတို့တွင် သေဆုံးသူ ၃၇ ဦးထိသာရှိခဲ့သော်လည်း ယခု တတိယလှိုင်း၌ ၂လကျော်အတွင်း သေဆုံးသူ ၆၃ ဦး ထိရှိလာခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၏ကိုဗစ် ၁၉ ဖြစ်ပွားမှုစာရင်းများအရ မေလ ၁၂ ရက်နေ့မှ ယမန်နေ့ ဇူလိုင် လ ၂၁ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၇၀၃ ဦးထိရှိပြီး ယင်းထဲမှ ၁၀၁၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရကာ လက်ရှိမြို့နယ်အသီးသီးတွင် ဆေးကုသမှုခံယူနေရသူ ၆၈၆ ဦး ရှိကြောင်း ထုတ်ပြန်သည်။
သေဆုံးသူ ၆၃ ဦးမှာ စစ်တွေတွင် ၁၄ ဦး၊ မောင်တောတွင် ၆ ဦး၊ သံတွဲတွင် ၈ ဦး၊ တောင်ကုတ်တွင် ၂၀ ဦး၊ ကျောက်တော် ၄ ဦး၊ ဂွ ၁ ဦး၊ ကျောက်ဖြူ ၅ ဦး၊ ပေါက်တောတွင် ၁ ဦး ၊အမ်းတွင် ၁ ဦး၊မြောက်ဦးတွင် ၁ ဦး၊ ရသေ့တောင်တွင် ၁ ဦးနှင့် မာန်အောင် ၁ ဦး တို့ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာ န၏ထုတ်ပြန်ချက် အရသိရသည်။
ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏သေဆုံးသူ ထုတ်ပြန်ချက်စာရင်းအရ တောင်ကုတ်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြင့် သေဆုံးမှုအများဆုံးမြို့နယ်တစ်ခုဖြစ်ပြီး အဆိုပါဆေးရုံမှာ အောက်ဆီဂျင်လုံလောက်မှုမရှိကြောင်းလ ည်းတာဝန်ရှိသူများကပြောထားသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအထောက်ကူပြုပစ္စည်းဖြစ်သည့် အောက်စီဂျင်နှင့် Mask အလုံ လောက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်စရာ မရှိကြောင်း ဇူလိုင် ၁၄ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကိုပြောဆိုခဲ့သည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သံတွဲနှင့်တောင်ကုတ်မြို့များသို့ ဇူလိုင် ၁၉ ရက်နေ့ ကလည်း အောက် ဆီဂျင် ၄၀ လီတာဆန့် အလုံးရေ ၁၅၀ ပို့ဆောင်ခဲ့ပြီး ယနေ့ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ထပ်မံပို့ဆောင်ထား ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က Western News ကို ယမန်နေ့ညနေပိုင်းက ပြောထားသည်။
https://www.facebook.com/westernnewsagency/posts/334140941725750