နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အပါအဝင် ကိုဗစ်ရောဂါကူးစပ်သူ ၉၆ ဦးထိရှိလာ၊ ရခိုင်တွင် ကိုဗစ်ကူးစပ်သူ ၁၈၀ ကျော်ရှိလာနေ

By Western News/ 2021 July 1

ဓာတ်ပုံ- KAUNG MRAT NAING

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယနေ့ ဇူလိုင်လ ၁ ရက်တည်းတွင်ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၉၆ ဦးတွေ့ရှိခဲ့သဖြင့် စုစုပေါင်းကိုဗစ်ကူးစက်ခံရသူ ရခိုင်တွင် ၁၈၄ ဦးအထိရှိလာနေသည်ဟု ရခိုင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက ပြောသည်။

မောင်တောတွင် ကိုဗစ်ပိုးတွေ့ရှိ ၉၆ ဦးမှာ ဇွန်လ ၂၈ ရက်နေ့တွင် ပြည်ပဖက်မှ မောင်တောမြို့သို့တာဝန်ထမ်းဆောင်ရန် ပြောင်းရွေ့ လာသည့် လဝကဝန်ထမ်းများ ၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်တို့ဖြစ်ကြသည်ဟု မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာနုကေသီစံကပြောသည်။

တစ်ရက်တည်းမှာ မောင်တောမြို့မှာ ပိုးတွေ့သူ စုစု‌ပေါင်း ၉၆ ယောက်တွေ့တယ်။ ပိုးတွေ့သူတွေက လဝက ဝန်ထမ်းတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေမှာတွေ့တာ။ သူတို့အကုန်လုံးက ပြည်မဖက် က တာဝန်နဲ့ ပြောင်းရွေ့ လာကြသူတွေဖြစ်တယ်။

ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူ ၉၆ ဦးကို ၎င်းတို့၏စခန်းတို့၌ သီးသန့်ထားကာ ဆေးကုသမူခံယူလျှက်ရှိနေကြ သည်။ လက်ရှိတွင် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၃၉ ဦးရှိပြီး ၎င်းတို့ထဲမှ ၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်သွားပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီဖြစ်သည်ဟု ဒေါက်တာနုကေသီစံက ပြောသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန်လ ၃၀ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၈၄ ဦးအထိရှိလာနေပြီဖြစ်သည်ဟု ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင်ကပြောသည်။

ဇွန်လ ၃၀ ရက်နေ့အထိတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ ကိုဗစ်ကူးစက်ခံရသူ ၁၈၄ ယောက်ရှိပြီ။ အခုတော့ ကျွန်တော်တို့က လိုအပ်တဲ့ဆေးဝါးတွေစုဆောင်းပြီးတော့ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်၊ အသိပညာပေးမူတွေကိုလုပ်ဆောင်ပေးနေတယ်

ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၃၀ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၁၉၀ ဦးအထိရှိလာနေသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီဌာနမှသိရသည်။

https://www.facebook.com/westernnewsagency/posts/321375809668930

Leave a Reply

Your email address will not be published.