By Narinjara/ 2021 July 30
အောင်ဇံ
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် ဆေးရိုးတန်းလမ်းနေ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ဇူလိုင် (၂၉) ရက်နေ့ နေ့လယ်က ၎င်း၏နေအိမ်တွင် သေဆုံးခဲ့ပြီးနောက် စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးသည် အသက်(၇၆) အရွယ် ရှိပြီး ၎င်း၏ ခင်ပွန်း ဖြစ်သူမှာလည်း ကိုဗစ်ပိုးတွေ့ရှိသဖြင့် တောင်ကုတ်ဆေးရုံတွင် တက်ရောက်ကုသ နေရသူ ဖြစ်သည်။
တောင်ကုတ်ဆေးရုံမှ ဆရာဝန်တစ်ဦးက ”အိမ်မှာသေတာပါ။ သေပြီးမှသတင်းပို့တော့ ကျနော်တို့ဆေးရုံက သုဘရာဇာအဖွဲ့က body(အလောင်း) သွားကောက်တာပါ။ သူ့ယောက်ျားက positive နဲ့ ဆိုတော့ သူက contact ပေါ့။ သူ့ကို category C လို့ သတ်မှတ်ပြီး ဆေးစစ်ကြည့်တော့ ပိုးတွေ့တယ်ပေါ့” ဟု နိရဥ္စရာသို့ အတည်ပြုပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပိုးတွေ့ပြီး ချက်ချင်း တောင်ကုတ်ဆေးရုံ သုဘရာဇာအဖွဲ့က သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
တောင်ကုတ်မြို့တွင် ယမန်နေ့ ဇူလိုင်လ(၂၉) ရက်နေ့အထိ ကိုဗစ်ပိုးကူးစစ်သူ(၁၅၁)ဦးအထိ ရှိပြီး (၄၁) ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်သံယရှိသော်လည်း နေအိမ်တွင်သာ ကုသပြီး သေဆုံးပြီးမှ ကိုဗစ်ပိုးတွေ့သူအရေအတွက် တဖြည်းဖြည်း များပြားလာနေသည်။
https://www.facebook.com/narinjara.info/posts/4541836359161739