By Narinjara/ 2021 July 9
မြန်မာတစ်နိုင်ငံလုံးက ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေအားလုံးကို ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်ပတ်ကြာ ယာယီပိတ်လိုက်ပြီဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ်၊ မေလတတိယပတ်ကနေစပြီးတော့ မြန်မာနိုင်ငံထဲမှာ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေတဲ့အတွက် အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ဖို့ အခုလို ယာယီပိတ်လိုက်ရတာလို့ ဆိုပါတယ်။
ပိတ်လိုက်တဲ့ကျောင်းတွေထဲမှာ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ၊ သင်တန်းတွေလည်း အကျုံးဝင်တယ်လို့လည်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဒီကနေ့နေ့လယ်က စစ်တွေမြို့ ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။
ထုတ်ပြန်ထားတဲ့အမိန့်ကို လိုက်နာမှုမရှိဘဲ ကျူးလွန်နေမယ်ဆိုရင် ဥပဒေအရ အရေးယူတရားစွဲသွားမယ်လို့လည်း သူက ဆိုပါတယ်။
https://www.facebook.com/narinjara.info/posts/4480140725331303