By Narinjara/ 2021 July 18

စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ရှုခင်းသာလမ်းတစ်လျှောက် ဝိုင်းဖွဲ့ စားသောက်နေသူများကို ယနေ့မွန်းလွဲပိုင်းက စပြီးရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုစတင်နေပြီဟု သတင်းရရှိသည်။
ကနဦးသတင်းအရ ၁၁ ဦး အဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ထိန်းချုပ်နိုင်ရေးအတွက် စနေနှင့် တနင်္ဂနွေနေ့များ၌ စစ်တွေ ပွိုင့်ကမ်းခြေနှင့် ကိုးရီးယား BXT ဆိပ်ကမ်းတွင် လူစုလူဝေးမလုပ်ရန် ကန့်သတ်ထားပြီး စစ်တွေ ပွိုင့်ကမ်းခြေနှင့် ရှုခင်းသာ လမ်းတစ်လျှောက် အုပ်စုဖွဲ့ မူးယစ်သောက်စားသူများကို အရေးယူမည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၁၄ ရက်နေ့က သတိပေးထားချက် ထုတ်ပြန်ပြီးနောက် စတင်အရေးယူလာခြင်း ဖြစ်သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4505635932781782