By Narinjara/ 2021 July 19
ချစ်အိလှိုင်
စစ်တွေမြို့ရှိ ဓာတ်လယ်ဆရာတော်ကြီး ဦးသုဝဏ္ဏတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိသဖြင့် စစ်တွေဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
ကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးမှာ သက်တော် ၇၉ နှစ်နှင့်ဝါတော်(၅၉)ဖြစ်ပြီး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် စစ်တွေဆေးရုံကြီးသို့ ယူဆောင်သွားကြောင်း မြို့မကျောင်းဆရာတော်က အတည်ပြု ပြောကြားသည်။
ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းတာဝန်ရှိသူတစ်ဦးကလည်း “ ဆရာတော်မှာ ကိုဗစ်ပိုးတွေ့လို့ မနက် ၉ နာရီလောက်က နာရေးကူညီရေးအသင်းကားနဲ့ ဆေးရုံကို ပင့်ဆောင်သွားပါတယ်။ ကျွန်မတို့က ကျောင်းတိုက်ကို ဆေးဖြန်းနေရပါတယ်။ ထိတွေ့ သူတွေပါတွေကိုတော့ ကျန်းမာရေးကို မေးရပါမယ်” ဟုပြောသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ ယနေ့ ၁၁ နာရီကျော်က ဓာတ်လယ်ကျောင်းတိုက်တစ်ခုလုံးကို ပိုးသတ်ဆေးဖြန်းနေကြောင်း သိရသည်။
စစ်တွေမြို့တွင် ဓာတ်လယ်ဆရာတော်ဘုရားကြီးအပါအဝင် မဏိရတနာကျောင်းတိုက်ဆရာကြီးနှင့် တန်းခိုးကျောင်းတိုက်ဆရာတော်ကြီး ၃ ပါးတို့တွင် ကိုဗစ်ပိုးတွေ့ရှိထားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4507924179219624