စစ်တွေမြို့တွင် ပုဂ္ဂလိကတည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံ ဇူလိုင်နောက်ဆုံးအပတ်တွင်လည်ပတ်နိုင်ရန်စီစဉ်

By Narinjara/ 2021 July 11

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပုဂ္ဂလိကတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတစ်ရုံကို ဇူလိုင်လအကုန်တွင် လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

၄င်းအောက်ဆီဂျင်စက်မှာ တစ်နေ့လျှင် လီတာ ၄ဝ ဆန့် အောက်ဆီဂျင်ဗူး ၇ဝ ခန့် ထုတ်လုပ်နိုင်သည့် စက်ဖြစ်ပြီး တရုတ်ပြည်မှ စစ်တွေမြို့သို့ လာမည့်ဇူလိုင် ၂၅ ရက်နေ့နောက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း ၄င်းစက်ပိုင်ရှင်ဖြစ်သည့် BMG သောကျရသေနျ့စကျရုံပိုငျရှငျဖွစျသူ ဦးထှနျးထှနျးဦး ကနိရဉ်စရာသတငျးဌာနသို့ ပြောသည်။

“ လုပ်ငန်းအရလည်းပါတယ်။ လှူသင့်တာလည်းလှူမယ်။ တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ရောင်းပါမယ်။ ကျွန်တော်တို့ရှိနေတဲ့စက်ရုံရဲ့အနောက်မှာ အဆောက်အအုံဆောက်ပြီး ဆက်လုပ်ပါမယ်။ အဲဒီအတွက်လည်း ကြိုတင်ပြီးလုပ်ထားပါတယ်။ တအားကြီးစီးပွားဖြစ်တော့ လုပ်သွားမှာမဟုတ်ပဲ ကိုယ့်ဒေသလိုအပ်ချက်တွေကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားဖို့ရှိပါတယ်။ ရွှေရောင်မေတ္တာအသင်းနဲ့ တခြားလူမှုရေးအသင်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်”ဟုပြောသည်။

၄င်းအနေဖြင့် ကိုဗစ်ကာလ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေးအသင်းများနှင့် ချိတ်ဆက်၍လည်း လုပ်ဆောင်သွားမည်ဖြစ်ကာ၊ ဝယ်ယူသူများကိုလည်း ရောင်းချသွားမှာဖြစ်ကြောင်း၊ ၄င်းစက်မှာ တရုတ်နိုင်ငံထုတ်စက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈သောင်းနှင့် တစ်သိန်းနီးပါးတန်ဖိုးရှိကြောင်း၊ စက်ရုံအား လက်ရှိ စံပြရပ်ကွက်မှ BMG သောက်ရေသန့်စက်ရုံနောက်ဖက် အဆောက်အအုံတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဦး၏ ပြောပြချက်အရသိရသည်။

စစ်တွေကိုဗစ်-၁၉ ကာလ ကူညီထောက်ပံ့ရေးအဖွဲ့မှ ဒေါ်မီမီစိုးသန်းကလည်း ၄င်းတို့အနေဖြင့် အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များရရှိရန်လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အောက်ဆီဂျင်စက်ရုံလုပ်ဆောင်နိုင်သည့်လုပ်ငန်းရှင်ပေါ်ထွက်လာသည့်အတွက် ဝမ်းသာကြိုဆိုကြောင်း ပြောသည်။

သူမက “ အောက်ဆီဂျင်စက်ရုံလုပ်ဖို့ သိန်းနှစ်ထောင်၊ သုံးထောင်လောက်လိုမှာဖြစ်တဲ့အတွက် အစ်မတို့အနေနဲ့လည်းလုပ်နိုင်ဖို့မလွယ်ဘူး။ အခုလို ကိုထွန်းထွန်းဦးက သူစက်ဝယ်ထားပြီးပြီ လို့ဆက်သွယ်လာတယ်။ ထိုက်သင့်တဲ့ငွေကြေးတစ်ခုနဲ့ဖြစ်ဖြစ် အစ်မတို့ အလွယ်တကူ အောက်ဆီဂျင်ရနိုင်မှာဖြစ်တဲ့အတွက်ပါ။ လှူသင့်တာလည်း လှူသွားမယ်လို့ သူကပြောပါတယ်။ စစ်တွေဆေးရုံမှာ အစ်မတို့ကြားတာက ရန်ကုန်ကမှာ ဖြည့်ရတယ်လို့သိရတယ်။ အခုလိုလုပ်နိုင်တဲ့ လုပ်ငန်းရှင်ကိုလည်းကြိုဆိုပါတယ်” ဟုပြောသည်။

အလားတူသံတွဲမြို့တွင်လည်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် သိမ်ကုန်းဆရာတော်မှဦးဆောင်၍ အလှူရှင်များဖြင့် အောက်ဆီဂျင်စက် တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သတင်းရရှိသည်။

 ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊ သံတွဲ အပါအဝင်မြို့နယ်တချို့၌ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်အခက်အခဲများကို ကျန်းမာရေးဌာနအပြင် ပရဟိတအဖွဲ့များနှင့် အလှူရှင်များက ပူးပေါင်း၍ အောက်ဆီဂျင်ရရှိအောင် လုပ်ဆောင်ပေးနေကြောင်းကို ရခိုင်ပြည်နယ် ပစကကောင်စီပြောခွင့်ရသူ ဦးလှသိန်းကလည်း ဇူလိုင်လ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များအား ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်လူနာ ရဝဝ ကျော်ရှိလာနေပြီး ယင်းအထဲတွင် အောက်ဆီဂျင်ပေးထားရသူ လူနာများလည်း ရှိနေသည့်အတွက် အောက်ဆီဂျင် မလုံလောက်မည်ကို ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေကြကြောင်းရသည်။

https://www.facebook.com/narinjara.info/posts/4485462731465769

Leave a Reply

Your email address will not be published.