By Western News/ 2021 July 28
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် လေးခွဆုံအနီးတွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက စားကုန်ပစ္စည်း ၅ မျိုးကို ထောက်ပံ့နေသည်ကိုတွေ့ရသည်။
ယင်းထောက်ပံ့မှုကို ယနေ့မနက်ပိုင်းက စတင်ပေးနေခြင်းဖြစ်ပြီး နေ့လည် ၁ နာရီအချိန်အထိ ပေးဝေနေခြင်းဖြစ်သည်။ အဆိုပါ ၅ မျိုးမှာ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ကြက်ဥ၊ ဟင်းချိုမှုန့်တို့ဖြစ်သည်။ထောက်ပံ့ပေးသူမှာ စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်နေ ဒေါ်ဦးဆန်းရီတို့မိသားစုမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/338835624589615