စစ်တွေဆေးရုံကြီးတွင် ဝါဘိုဆရာတော်အပါအဝင် သံဃာတော်နှစ်ပါး ကိုဗစ်ဖြင့်ပျံလွန်တော်မှု

By Narinjara/ 2021 July 20

ချစ်အိလှိုင်

စစ်တွေဆေးရုံကြီးတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဆရာတော် အပါအဝင် နောက်ထပ်ရဟန်းတော် တစ်ပါးတို့မှာ ကိုဗစ် ကူးစက်မြန်ရောဂါဖြင့် ဇူလိုင် ၁၉ ရက် ညနေပိုင်းက ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ဝါဘိုကျေးရွာမှ ဝါဘိုဆရာတော်မှာ ယမန်နေ့ ညနေ ၉နာခွဲခန့်က ပျံလွန်တော်မှုသွားကြောင်း စစ်တွေမြို့နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးသန်းရွှေက အတည်ပြုပြောကြားသည်။

ဆရာတော်မှာ သက်တော်(၅ဝ )၊ ဝါတော်မှာ (၃ဝ) ခန့်ရှိပြီး ကိုဗစ်ရောဂါဖြင့်စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာက ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

နောက်ပျံလွန်တော်မူသွားသော ရဟန်းတော်တစ်ပါးမှာ စစ်တွေဝိဇ္ဇာလင်္ကာရ ကျောင်းမှ ရဟန်းတော်တစ်ပါးဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4510449372300438

Leave a Reply

Your email address will not be published.