By Narinjara/ 2021 July 21
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆေးရုံကြီးတွင် ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေရသူ ဆားပြင်ဆရာတော်ဟု လူသိများသည့် ဆရာတော်ကြီးအာစရမှာ ယနေ့ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ပျံလွန်တော်မှုကြောင်း သတင်းရရှိသည်။
ဆရာတော်ကြီးသည် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ အာစာရမဏ္ဍိုင်(မောင်တောဆားပြင်) ကျောင်းတိုက် ဆရာတော်ဖြစ်ပြီး ပျံလွန်ချိန်တွင် သက်တော် ၇၂၊ ဝါတော် ၅၂ ဝါ ရှိပြီ ဖြစ်ကြောင်း စစ်တွေ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။
ဇူလိုင်လ ၁၉ ရက်ကလည်း ကိုဗစ်ဖြင့် စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ဝါဘိုဆရာတော်နှင့် ဝိဇာလင်္ကာရကျောင်းမှ ရဟန်းတော်တစ်ပါးတို့ ပျံလွန်တော်မှုခဲ့သည်။
လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ကိုဗစ်တွေ့ရှိ၍ ဓာတ်လယ်ဆရာတော်ကြီး၊ မဏိရတနာ ဆရာတော်ကြီးနှင့် တန်းခိုးကျောင်းစာချဆရာတော်တို့ တက်ရောက် ဆေးကုသနေရကြောင်း သိရှိရသည်။
မဏိရတနာကျောင်းဆရာတော်ကြီးကို စစ်တွေဆေးရုံကြီးတွင် လိုက်ပါ စောင့်ရှောက်ပေးနေသည့် ကိုယ်တော်ညာဏက “ အာစာရ ဆရာတော် ပျံတာဟုတ်ပါတယ်။ နံနက်စောစောကပါ။ ဆရာတော်ကြီးက ဘယ်နေ့က ဆေးရုံတက်ရတာတော့မသိဘူး။ ကိုဗစ်ဖြစ်လို့တက်နေရတာပါ” ဟုပြောသည်။
https://www.facebook.com/narinjara.info/posts/4513725051972870