ဂွမြို့နယ် ဒေါင်းချောင်းရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီး

Mizzima / 2021 July 10

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ဒေါင်းချောင်းကျေးရွာနေ ပြည်သူနှစ်ဦးကို ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီလောက်က စစ်ကောင်စီတပ် အင်အား ၂၀ ကျော်က လက်နက်အင်အားတွေနဲ့ ရိုက်နှက် ဖမ်းဆီး သွားတယ်လို့သိရပါတယ်။

ဒေါင်းချောင်းကျေးရွာမှာ ဇွန်လ ၂၁ ရက်နေ့ည ၈ နာရီကျော်လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုနဲ့ပတ်သက်ပြီး မတရားစွပ်စွဲ ဖမ်းဆီးသွားတာလို့ ဂွမြို့ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင် အရွယ် ကိုကျော်ကျော်အောင်နဲ့ အသက် ၆၃ နှစ်အရွယ် ဦးအောင်သန်းမြင့်တို့ဖြစ်ကြပြီး ဒေါင်းချောင်းကျေးရွာက ကိုကျော်ကျော်အောင်ရဲ့နေအိမ်မှာ ညအချိန် ဝင်ရောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ကိုအောင်ကျော်ကျော် ကိုဝင်ဖမ်းတာ၊အဖိုးကြီးက အဲ့ဒီအိမ်ကိုခဏရောက်နေတဲ့အချိန်ဖြစ်တော့ နှစ်ယောက်လုံးကိုဖမ်းသွားတာ၊ကောင်လေးကိုက ရိုက်နှက်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်၊ခမရ ၅၆၂ တပ်ရင်းက ကောင်တွေလာဖမ်းသွားတာ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း အခုထိမသိရသေးဘူး၊”လို့ ဂွမြို့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက ခမရ ၅၆၂ စစ်တပ်ဝန်းထဲမှာ စစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့ ဂွမြို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပြီး မိသားစုတွေနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။

https://www.facebook.com/MizzimaDaily/posts/4554767887891414

Leave a Reply

Your email address will not be published.