By Western News/ 2021 July 23
ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ဆက်လက်ဟန့်တားထိန်းချုပ်နိုင်ရန်အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ၂ ပတ်ကြာ ထပ်တိုးပိတ်ထားမည်ဟု မြန်မာနိုင်ငံ ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီက ဇူလိုင်လ ၂၂ ရက်နေ့ကထုတ်ပြန်ကြေညာသည်။
စာသင်ကျောင်းများကို ထပ်တိုးပိတ်ရက်တွင် ယခု ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ၂ ပတ်ကြာ တိုးမြှင့်၍ ယာယီပိတ်မည် ဖြစ်ကြောင်းပါရှိသည်။
တနိုင်ငံလုံးရှိ စာသင်ကျောင်းများကို ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါအား ထိန်းချုပ်နိုင်ရန် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့ထိသတ်မှတ် ကြေညာခဲ့သည်။
ဇူလိုင်လ ၂၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၂၆ ဦးနှင့် ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ ၈၁ ဦးထိ ရှိပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်သည်။
https://www.facebook.com/westernnewsagency/posts/335503848256126