ကျောက်ဖြူမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော် ကိုဗစ်ဖြင့်ပျံလွန်တော်မူ

By Development Media Group (DMG)/ July 22

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ကိုဗစ်ကူးစက်ခံရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းက ဆရာတော်မှာ အသက်ရှူကျပ်လာသောကြောင့် ဆေးရုံတက်ရောက်ပြီးစစ်ဆေးရာမှာ ကိုဗစ်တွေ့ရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု ပရဟိတဂေဟာကျောင်းမှ ဂေဟာမှူး ဦးစံရွှေက ပြောသည်။

“ဒီနေ့နံနက် ၅ နာရီကျော်လောက်မှာ ဆရာတော် ပျံလွန်တော်မူသွားတယ်ပေါ့၊ အခုလို ကိုဗစ်ကာလမှာ ဆရာတော်ပျံလွန်သွားတော့ တပည့်တကာ၊ တကာမတွေအနေနဲ့ နောက်ဆုံးမကန်တော့ လိုက်ရတာကို အရမ်းစိတ်မကောင်းဖြစ်နေကြတယ်” ဟု ဦးစံရွှေက ပြောသည်။

ဆရာတော်ပျံလွန်တော်မူစဉ် သက်တော် ၈၈ နှစ်၊ ဝါတော် ၆၈ ဝါရှိပြီဖြစ်ကာ ယခင်က ဆီးချိုနှင့်အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ဖူးပြီး ဆေးကုသမှုခံယူထားရကြောင်း သိရသည်။
ဆရာတော်သည် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လူသိများသည့် ဆရာတော်တစ်ပါးဖြစ်သည်။

ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူ ၁၈၈ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၄၀ ကျော်နဲ့ သေဆုံးသူ ၆ ဦးထိရှိနေပြီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2067064603445940

Leave a Reply

Your email address will not be published.