ကျောက်ဖြူမြို့တွင် အမောဖောက်သေဆုံးသူတစ်ဦးကို စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိ

By Narinjara/ 2021 July 19

အောင်ဇံ

ဓာတ်ပုံ – ရင်ထဲကကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ၌ ယနေ့ ဇူလှိုင်လ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အမောဖောက် သေဆုံးသူ အသက်(၇၀) အရွယ် အမျိုးသားတစ်ဦးကို ဆေးစစ်ကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိပါသည်။

လေးဝတီကုလ ရက္ခိတအသင်း(ကျောက်ဖြူ) မှ ဦးဂျပန်ကြီးက ”အိမ်မှာ ဆုံးပြီး မှ positive ကိုဗစ် တွေ့တာပါ။ သူသေပြီးမှ မသင်္ကာလို့ ဆေးရုံကနေ ကိုဗစ်စစ်ကြည့်တာပါ။ ကျနော်တို့ကို ဆက်သွယ်တဲ့ အချိန်မှာ အသက်ရှု ကြပ်တယ်လို့ ဆက်သွယ်လာတယ်။ အိမ်ကိုရောက်တော့ဆုံးနေပြီ” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါ သေဆုံးသူသည် ကျောက်ဖြူကမြို့ ငလပွေ့ ရပ်ကွက်တွင် နေသူတစ်ဦး ဖြစ်ပြီး လက်ရှိတွင် သေဆုံးသူ၏ နေအိမ်ကို လော့ဒေါင်းချထားကြောင်း သိရသည်။

ယနေ့ ဇူလှိုင်လ ၁၉ ရက်နေ့အထိ ကျောက်ဖြူမြို့တွင် ကိုဗစ်အတည်ပြု လူနာ ၁၅၆ ဦးထိ ရှိပြီး သေဆုံးသူ ၅ ဦး ရှိသွားပြီ ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4508321442513231

Leave a Reply

Your email address will not be published.