By Narinjara/ 2021 July 31
အောင်ဇံ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ယနေ့ ဇူလိုင် ၃၁ ရက်နေ့ တစ်နေ့တည်း ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
လေးဝတီကုလ ရက္ခိတအသင်း(ကျောက်ဖြူ)မှ ကိုဂျပန်ကြီး က ” လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ဦတင်ဖေပါ။ အသက်က ၈၁ နှစ် ။ ဒီနေ့ မနက် ၁၀ နာရီ ခွဲလောက်က ဆုံးတာပါ။ မနက် ၁၁ နာရီလောက်မှာ သဂြိုလ်တယ်။ ကိုဗစ်နဲ့ သေတာက မနက်အစောပိုင်း က နှစ်ယောက်၊ အခု နှစ်ယောက်ဆိုတော့ အားလုံး ၄ ယောက်ရှိသွားပြီ။ ဒီနေ့ ညနေ ၄ နာရီထိပါ” ဟု ပြောသည်။
အဆိုပါ သေဆုံးသူ လွှတ်တော် ကိုယ်စားလှယ်ဟောင်းသည် ပထမအကြိမ်ပြည်နယ် လွှတ်တော်တွင် ကျောက်ဖြူမဲန္ဒနယ်မြေအမှတ် (၂) မှ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(R NDP)ကို ကိုယ်စားပြုပြီး ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
” သူက ၂၀၁၀က နေပြီး ၂၀၁၅ထိ RNDP ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြုပြီး ကျောက်ဖြူ မဲဆန္ဒနယ်မြေ( ၂ )က အနိုင်ရခဲ့တာပါ”ဟု ရခိုင်အမျိုးသားပါတီ ( ကျောက် ဖြူမြို့နယ် ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက နိရဉ္စရာ သတင်းဌာသို့ ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်သူ ၃၀၀ ဦး၊ ဆေးရုံတက်နေရဆဲသူ ၁၁၂ ဦး၊ သေဆုံးသူ ၁၅ ဦးအထိရှိခဲ့ရာ ယနေ့ ဇူလိုင် ၃၁ ရက်နေ့နှင့်ဆိုလျှင် သေဆုံးသူနှင့်ဆိုလျှင် ၁၉ ဦးရှိသွားပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4544668378878537