ကျောက်ဖြူတွင် ပညာရေးဝန်ထမ်းတစ်ဦးအပါဝင် အမျိုးသမီး၂ ဦး ကိုဗစ်ပိုးတွေ့

By Development Media Group (DMG)/ July 4

ကျောက်ဖြူမြို့နယ် ဝါးတောပြင်ကျေးရွာ အ.မ.က ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမတစ်ဦးနှင့် ယင်းဆရာမ၏ ညီမဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

ဆရာမနှင့် ညီမဖြစ်သူတို့သည် နေထိုင်မကောင်းဖြစ်ပြီး အနံ့မရ၍ ဇူလိုင်လ ၃ ရက်နေ့က ဇင်ချောင်းတိုက်နယ်ဆေးရုံတွင်စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကျောက်ဖြူမြို့နယ်စစ်ကောင်စီ ဥက္ကဌ ဦးချမ်းမြေ့စောက ပြောသည်။

ဆရာမ၏ညီမဖြစ်သူမှာ ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်မှ ပြန်လာသူဖြစ်ပြီး ဆရာမနှင့်တစ်အိမ်တည်းအတူနေကြောင်း သိရသည်။

ယင်းအမျိုးသမီးနှစ်ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် အခြားမိသားစုဝင်များ၊ စာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများကိုပါက အသွားအလာကန့်သတ်ကာ စောင့်ကြည့်နေကြောင်း ကျောက်ဖြူမြို့နယ်ကျန်းမာရေးဌာနက သိရသည်။

https://www.facebook.com/dmgnewsagency/posts/2053276271491440

Leave a Reply

Your email address will not be published.