By Western News/ 2021 July 23

ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနအသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများအား မလိုအပ်ဘဲ သတင်းမီဒီယာများနှင့် အင်တာဗျူးမဖြေဆိုဖို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက စတင် ကန့်သတ်လိုက်သည်။
ဇူလိုင်လ ၂၂ ရက်က ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ရုံးခန်းတွင်ကျင်းပသည့် ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်တိုက်ဖျက်ရေး အစည်းအဝေးတွင် အဆိုပါအင်တာဗျူးဖြေဆိုခြင်းကို မလိုအပ်ဘဲ သတင်းမီဒီယာများနှင့် အင်တာဗျူးမဖြေဆိုဖို့ ဆုံးဖြတ်ခဲ့ ကြောင်းသိရသည်။
ပှညနြယကြောငစြီက သတငြးမီဒီယာမွားနှင့ြ အငတြာဗွူးဖှဆေိုခှင့ြ ကန့သြတလြိုကခြှငြးကှောင့ြ သတငြးသမားမွား၏ မေးမှနြးမှုကို ကနွမြာရေးဝနထြမြးမွားကငှငြးဆနနြမညေဆြိုလွှငြ သတငြးမွားကိုအခွိနနြှင့တြပှေးညီတငပြှနိုငခြှငြးရှိမှာ မဟုတသြလို သတငြးရေးသားမှုအပိုငြးတှငလြညြး ခကခြဲလာနိုငကြှောငြး ရခိုငအြခှစေိုကနြိရဉျစရာသတငြးဌာနမှ အကှီးတနြး သတငြးထောကြ မခစွအြိလှိုငကြ ပှောသညြ။
“ဒီလို မထုတ်ပြန်ဘူးဆိုရင်တော့ သတင်းအမှန်တိကျမှုတွေရဖို့အတွက် ပြည်သူတွေကို ကျမတို့ဖက်က သတင်းမှန်တွေကို တင်ပြပေးနိုင်ဖို့အတွက်လည်း ကောလောဟာလသတင်းတွေပျံ့နေတာလည်းရှိတယ်။ မဟုတ်မမှန်သတင်းတွေလည်း တခါတလေ ဖေ့စ်ဘုတ်ပေါ်မှာတက်လာတာလည်းရှိတယ်။ အဲဒါတွေကို ကျန်းမာရေးဝန်တွေကို ကျမတို့ကအတည်မေးရတာ တွေရှိတယ်။ ဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကျမတို့ကမေးလိုက်တဲ့အချိန်မှာ ဖြေခွင့်မရှိဘူးလို့တုန့်ပြန်မယ်ဆိုရင်တော့ သတင်းတွေကိုအချိန်နဲ့ တပြေးညီတင်ပြနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့သတင်းသမားတွေအလုပ် လုပ်ဆောင်ရမည့် အပိုင်းတွေမှာလည်း ခက်ခဲလာနိုင်တယ်” ဟုပြောသည်။
ဆေးရုံများအတွင်း Live လွှင့်ခြင်း၊ အင်တာဗျူးဖိုင်များကို လူမှုကွန်ရက်ပေါ်တွင်တင်နေခြင်းမှာ မှားယွင်းနေပြီး ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေကြောင်းရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဦးလှသိန်းက Western News ကိုပြောသည်။
“အခု အစည်းအဝေးမှာ အပြင်မှာလွှင့်ထားတဲ့ Live တွေကို နားထောင်ကြတာပေါ့။ Live လွှင့်တာတွေ နောက်အင်တာဗျူး တွေနားထောင်ရတာပေါ့။ မှားနေကြတယ် ငါတို့သိတာက။ အဲဒီအမှားတွေက လူတွေကိုထင်ယောင် ထင်မှားဖြစ်စေတယ်။ အတွင်းကျကျငါတို့ကသိတယ်။ တင်တဲ့လူလည်းမှားတယ်။ မေးတဲ့လူလည်း ဒီဟာကိုမေးတယ်။ ဖြေတဲ့သူလည်း သူ့အကြောင်းပဲ သူ့ဟာနဲ့သူရှိတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာလဲ အတွင်းကျကျသိတယ်။ ဒါကြောင့် ဂဃဏနမသိဘဲ တခုခုအမေးအဖြေတွေကို မဖြေဖို့ ဒီလိုပြောတာ။ မလိုအပ်ဘဲနဲ့ဆိုတဲ့စကားကိုသုံးထားတယ်။ ပိတ်ပင်တာမဟုတ်ဘူး” ဟုပြောသည်။
သို့သော်လည်း မလိုအပ်ဘဲ အင်တာဗျူးဖြေဆိုသည့် ကျန်းမာရေးဝန်ထမ်းကို အရေးယူမည့်အပိုင်းမှာ အစည်းအဝေး ဆုံးဖြတ်ချက်တွင် မပါကြောင်းနှင့် အရေးယူခြင်း၊ အရေးမယူခြင်းအပိုင်းကို ပြည်နယ်ကောင်စီမှ ဆုံးဖြတ်လုပ်ဆောင်သွား မည်ဟု ဦးလှသိန်းက ဆက်ပြောသည်။
ကျန်းမာရေးဝန်ထမ်းများအား ယခုလိုသတင်းမီဒီယာများနှင့်အင်တာဗျူးဖြေဆိုခွင့်အား ကန့်သတ်ထားလိုက်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လက်ရှိခံစားနေရသည့်အခက်အခဲများကိုပြောပိုင်ခွင့်မရှိသလိုဖြစ်နေပြီး ပြည်နယ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများကို လူ့အခွင့်အရေးချိုးဖောက်နေသလို သတင်းသမားများကလည်း ကျန်းမာရေးဝန်ထမ်းများ၏ အခက်အခဲများအား ပြည်သူများထံသို့ချပြရန်လိုအပ်ကြောင်း သတင်းထောက်မချစ်အိလှိုင်က ဆက်လက်ပြောဆိုသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဦးလှသိန်းက “ဒါတွေကို မကြိုက်ဘူးဆိုရင် သတင်းမီဒီယာကောင်စီကိုတင်ပြ လိုက်လေ။ အဲ့ဒါဆိုပြီးတယ်။ ငါတို့ကလည်းအဲ့ဒါကို ယတိပြတ် မပြောတက်ဘူး။ ငါပြောတာရှင်းရှင်းလေး၊ တာဝန်ယူနိုင်တဲ့သူက သူသိလို့၊ သူပြောနိုင်တာက သဘာဝကျတယ်။ ငါပြောတာ ရှင်းရှင်း လေးရယ်၊ ဒီအစိုးရသတင်းနဲ့ပတ်သက်လို့ ငါကိုမေးတာမဟုတ်ဘဲနဲ့ ရုံးက ဦးစီးအရာရှိမေးရင် ဦးစီးအရာရှိကဖြေပါ့မလား၊ အဲ့လိုမသိဘဲနဲ့ ဖြေလိုက်တော့ ပြည်သူတွေထင်ယောင်ထင်မှားဖြစ်ကြတယ်” ဟုပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၂၆ ဦးနှင့် ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ ၈၁ ဦးထိ ရှိပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်သည်။
https://www.facebook.com/westernnewsagency/posts/335541551585689