ကိုဗစ်အတည်ပြုလူနာ (၁၁) ဦးရှိလာသောပုဏ္ဏားကျွန်းတွင်အရေးပေါ် အောက်စီဂျင်အိုးများလိုအပ်နေ

By Narinjara/ 2021 July 13

အောင်ဇံ

ကိုဗစ်လူနာ (၁၁) ဦးအထိ ရှိလာသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ကိုဗစ်လူနာများအတွက် ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ အောက်စီဂျင်အိုးများ အလှူခံလျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းအသင်း၏ အတွင်းရေးမှူးဖြစ်သူ ကိုလွင်မြင့်က ”အောက်စီဂျင်အိုးတွေ ဝယ်ဖို့အတွက် အလှူခံတာပါ။အောက်စီဂျင်အိုးတွေ အရေးပေါ်လို အပ်လာရင် အချိန်မီ သုံးနိုင်အောင် အတွက် ခုလိုစီစဉ်ရတာပါ။ လက်ရှိ ပုဏ္ဏားကျွန်းမှာရှိတဲ့ လူနာတွေကတော့ အောင်စီဂျင်ပေးဖို့ မလိုအပ်သေးပါ” ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် သံတွဲ၊ မြောက်ဦး မြို့များ၌ အောက်စီဂျင် စက်ရုံများ တည်ဆောက်လျက်ရှိသည်။ တောင်ကုတ်တွင် ကပစ စစ်ရုံများမှ အောက်စီဂျင် အိုးများ ဖြည့်ပေးလျက်ရှိသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် မေလ (၁၂)ရက်မှ ယမန်နေ့ ဇူလှိုင်လ( ၁၂) ရက်နေ့အထိ ကိုဗစ်ကူးစစ်လူနာ (၁၀၀၀ )နီးပါး ရှိလာပြီး (၁၇) ဦး သေဆုံသွားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4490967880915254

Leave a Reply

Your email address will not be published.