By Narinjara/ 2021 July 16
ချစ်အိလှိုင်
ရခိုင်ပြည်နယ်အတွင်းသို့ လာရောက်မည့်သူများအနေဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ခရီးသွား ထောက်ခံချက်နှင့် အတူလာရောက်ရန် လိုအပ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ကိုဗစ်ထိမ်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် ကိုရိုနာဗိုင်းရပ်စ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်သူရက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများသို့ ရေးသားပေးပို့သောစာတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ညွှန်ကြားချက်နှင့် အညီ ကြိုးပမ်းဆောင်ရွက်နေရာ ရခိုင်ပြည်နယ်ရှိ မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခရီးသွားလက်မှတ် ပါ/မပါ စစ်ဆေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ခရီးသွား ထောက်ခံချက်ပါမှသာ ခရီးသွားလာခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
စစ်တြေမြို့နယ်အုပ္ခ်ုပ်ရေးမှူးဦးကေ်ာ်လြင္က ၎င်းထောက္ခံခ်က္ပါသည့္လူမ်ားထဲမွ Stay at Home နေရာမွလာသည့် မည်သူမဆို ကြာရန္တင်းဝင်ရမည်ျဖစ်ကြောင်း၊ ရခိုင်ျပည္နယ်အတြင်း သြားလာမှုမ်ားတြင္လည်း ထောက္ခံခ်က္လိုအပ္လာမည်ျဖစ်ကြောင်း နိရဥ္စရာသတင်းဌာနကို ေျပာသည်။
“ အဲဒီထောက်ခံချက်ဆိုတာက သူတို့ဘယ်ဒေသကနေ လာတဲ့ဆိုတဲ့ ထောက်ခံချက်ကို ဆိုချင်တာ။ အဲဒီထောက်ခံချက်ကိုကြည့်ပြီး သူတို့အဖြစ်များတဲ့ဒေသကနေလာတဲ့လူဟုတ်မဟုတ်ကြည့်ပြီးတော့ သူတို့ကိုကွာရန်တင်းထားရမယ်မထားရဘူးဆိုတာ ဆုံးဖြတ်မှာပါ။ Stay at Home မြို့နယ်တွေကဆိုရင် ကွာရန်တင်း ၁ဝ ရက်ထည့်ရမယ်ပေါ့။ ရခိုင်ပြည်နယ်အတွင်းမြို့နယ်တစ်ခုကတစ်ခုကို သွားလာမယ်ဆိုရင်လည်း ထောက်ခံချက်လိုပါမယ်။ ဘယ်နေရာသွားသွား ခရီးသွား ထောက်ခံချက်တွေက လိုအပ်လာမယ့်ပုံစံမျိုးဖြစ်တယ်” ဟုပြောသည်။
၄င်းအပြင်စစ်တွေသို့ ကုန်း၊ ရေ၊ လေ ကြောင်းမှလာရောက်မည့် မည်သူ့ကို မဆို ခရီးသွား ထောက်ခံချက်များ စစ်ဆေးသွားမှာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းသို့လာရောက်မှ သူများအနေဖြင့် လိုက်နာရမည့် အချက်များမှာ “၂ဝ၂၁ခုနစ် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ စစ်တွေမြို့သို့ လာရောက်မည့်ခရီးသည်များပူးတွဲပါ ရပ်ကွက်ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ Hotel မှ လာရောက်သောခရီသည်များ ဟိုတယ်လိပ်စာ၊ ဆေးတံဆိပ်တုံးပါရှိသော ထောက်ခံချက် ယူဆောင် လာရမည်ဖြစ်ကြောင်း၊ Stay at Home မြို့မှ လာရောက်သော ခရီးသည်များ Facility Quarantine ၁ဝရက်အား မိမိစရိတ်ဖြင့် ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ Hotel Quarantine ဝင်ရောက်လိုပါလျှင်မိမိ စရိတ်ဖြင့် ဝင်ရောက်နိုင်ပါရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သတိပေးချက်တွင် ဖော်ပြထားသည်။
၄င်းအပြင် Stay at Home မြို့မှလာရောက်သောခရီးသည်များမှ Covid ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖြစ်ကြောင်း Certificate ပါရှိပါက Home Quarantine ၁ဝ ရက်ထားရှိမည်၊ Non Stay at Home မှလာရောက်သော ခရီးသည်များ ရပ်ကွက်ထောက်ခံစာပြည့်စုံပါက Quarantine ဝင်ရောက်ရန်မလိုပါဟုလည်းပါရှိသည်။
https://www.facebook.com/narinjara.info/posts/4500043686674340