ကိုဗစ်ဖြင့်ဆေးရုံတက်ရောက်ကုသနေရသည့် ကျောက်ဖြူမြို့ ပရဟိတဆရာတော်ကြီးပျံလွန်တော်မူ

By Narinjara/ 2021 July 22

အောင်ဇံ

ကျောက်ဖြူမြို့နယ်ဆေးရုံတွင် ကိုဗစ်ရောဂါဖြင့်ဆေးကုသခံနေသော ကျောက်ဖြူမြို့ ပရဟိတ လူငယ်စောင့်ရှောက်ရေးဂေဟာ နာယက ဆရာတော် ဦးကောဏ္ဍည သည် ယနေ့ ဇူလှိုင်လ (၂၂) ရက် နံနက် (၅)နာရီတွင် ကျောက်ဖြူဆေးရုံ၌ ပျံလွန်တော်မူသွားကြောင်းသိရသည်။

ဆရာတော်သည် ဇူလှိုင်(၂၀) ရက်နေ့ကစ၍ ဆေးရုံတက်နေရခြင်းဖြစ်ပြီး ဆီးချိုနှင့်အဆုပ်ရောင်ဂေါ အခံရှိကာ ပျံလွန်ချိန်တွင် သက်တော် (၈၈ )နှစ် ဝါတော် (၆၈) ဝါ ရှိပြီ ဖြစ် ရှိကြောင်းသိရသည်။

ကျောက်ဖြူမြို့ ပရဟိတလူငယ်စောင့်ရှောက်ရေးဂေဟာမှူး ဦးစံရွှေက ” ကိုဗစ်ဆောင်မှာ ပျံလွန်တော်မူသွားတာပါ။အရင်တုန်းက ဆီးချို နည်းနည်ရှိတာလည်းကောင်းနေပြီ ။ အဆုပ်ရောင် ရောဂါ အခံကလည်း ကုထားရတယ်။ကိုယ့်ဆရာတော်ကြီးကို နောက်ဆုံး မကန်တော့ လိုက်ရတာကိုတော့ ဝမ်းနည်းရပါတယ်”ဟု နိရဉ္စရာသို့ ပြောသည်။

ဆရာတော်ဦးကောဏ္ဍည သည် ကျောက်ဖြူမြို့ ပရဟိတအသိုင်းအဝိုင်းတွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ပြီး ပျံလွန်တော်မူချိန်ထိ ပရဟိတအလုပ်များ လုပ်ဆောင်ခဲ့ကြောင်း တပည့်ဒကာတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ ပရဟိတလူငယ်စောင့်ရှောက်ရေး ဂေဟာကို (၁၉၆၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နောက်တစ်ဖန် ဆရာတော် ဦးကောဏ္ဍည က (၁၉၈၃) ခုနှစ်တွင် ပြန်လည် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ ဇူလှိုင်က (၂၁)ရက်နေ့ ထိ ကျောက်ဖြူမြို့တွင် ကူဗစ်ကူးစက် လူနာပေါင်း(၁၈၈)ဦးရှိပြီး ယခု ဆရာတော်အပါအဝင် (၆)ဦး သေဆုံးသွားပြီ ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4516614805017228

Leave a Reply

Your email address will not be published.