ကိုဗစ်ကြောင့် သေဆုံးသူ ၅ အထိ ရှိလာနေသည့် မောင်တောမြို့၏ လက်ရှိမြင်ကွင်း

By Development Media Group (DMG)/ July 11

ကိုဗစ်ကြောင့် သေဆုံးသူ ၅ အထိရှိလာနေသည့် မောင်တောမြို့ရှိ စျေးများနှင့် ဆိုင်များအားလုံးကို ဇူလိုင်လ ၁၁ ရက် ယနေ့မှစပြီး နေ့တစ်ဝက်သာ ရောင်းချခွင့်ပြုတော့ကြောင်း သိရသည်။

လက်ရှိ မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့ရှိသူ နေ့စဉ်ရှိနေပြီး ရောဂါစက်ခံရသူ ၃၀၀ ကျော်အထိ ရှိလာနေပြီး သေဆုံးသူ ၅ ဦးအထိ တိုးလာနေသည်။

မောင်တောမြို့နယ်စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်အေးသိန်းက “မြို့နယ်အဆင့် covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စျေးများနှင့် စားသောက်ဆိုင်များအားလုံး နေ့တစ်ဝက်သာ ဖွင့်လှစ်ခွင့် ပြုတော့မှာဖြစ်တယ်” ဟု DMG သို့ ပြောသည်။

ဇွန်လမှစတင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့အထိ မောင်တောမြို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၇ ရှိပြီး သေဆုံးသူ ၅ ဦး ဆေးရုံမှဆင်းခွင့်ရသူ ၉၄ ဦး လက်ကျန် ၁၆၆ ဦးရှိကြောင်း ခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်ပြည်တွင်း တတိယကိုဗစ်လှိုင်းအတွင်း မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ ရ၉၃ ဦးရှိပြီး ယနေ့ နံနက်ပိုင်းထိ သေဆုံးသူမှာ ၁၂ ဦးထိရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2058748037610930

Leave a Reply

Your email address will not be published.