ကိုဗစ်ကပ်ကြောင့် ကျောက်တော်မြို့မစျေးကို ယာယီ ပြောင်းရွေ့ ဖွင့်လှစ်သွားမည်

By Narinjara/ 2021 July 19

အောင်ဇံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့မစျေးကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလှိုင်လ (၂၁ )နေ့မှ စတင်ပြီး မြို့မ ဘောလုံးကွင်းသို့ ယာယီ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်စောရွှေက ယခုကဲ့သို့ စျေးပြောင်းရွှေ့ ရခြင်းသည် အခြားအကြောင်းများကြောင့် မဟုတ်ပဲ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိရဉ္စရာသတင်းဌာသို့ ပြောသည်။

”ကိုဗစ်ကြောင့် မြို့အုပ်ချုပ်ရေးအဖွဲ့တွေ ၊ CSO တွေနဲ့ တိုင်ပင်ပြီးလုပ်ကြတာပါ။ ကိုဗစ်ပညာပေးမှု တွေကိုလည်း အဖွဲ့လိုက် လုပ်ပေးမှာပါ။ သွားလာဖို့ လမ်းတွေလည်း လုပ်ပေးပါမယ်။ အခုလိုစျေးပြောင်းရတာ အခြားကြောင့်တော့ မဟုတ်ပါဘူး။ ကိုဗစ်ကာကွယ်ရေး အတွက်ပါ ” ဟု ဒေါ်ခင်စောရွှေက ပြောသည်။

ကျောက်တော်မြို့ ယာယီစျေးနေရာတွင် ဆိုင်ခန်းပေါင်း (၅၀၀ )ကျော်ပါဝင်မည် ဖြစ်ပြီး မြို့မစျေးတွင်လည်း နေရာမျှပြီး စီစဥ်မည် ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူပေါင်း (၄၅) ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ( ၁၁) ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4508816579130384

Leave a Reply

Your email address will not be published.