ကိုဗစ်ကင်းစင်ပြီဖြစ်၍ ဓာတ်လယ်ဆရာတော်ကြီးဆေးရုံမှဆင်းခွင့်ရ

By Narinjara/ 2021 July 29

အောင်ဇံ

ဇူလှိုင်လ (၁၉) ရက်နေ့က ကိုဗစ်ကူးစက်ခံရပြီး စစ်တွေဆေးရုံကြီး တွင် တက်ရောက်ကုသနေသော စစ်တွေမြို့ ၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်)ကျောင်းတိုက် ဆရာတော်ကြီး ဦးသုဝဏ္ဏသည် ရောဂါပျောက်ကင်း ၍ ယနေ့ ဇူလိုင်လ ၂၉ ရက် ညနေ (၃ )နာရီခန့်က ဆေးရုံက ဆင်းခွင့် ရရှိခဲ့ပါသည်။

လက်ရှိ တွင် ဆရာတော်ကြီးသည် ဓာတ်လယ်ကျောင်း တိုက်သို့ ပြန်လည်ရောက်ရှိနေပြီး ဆရာတော်ကြီးကို အနီးကပ်ပြုစုနေသူ ကိုယ်တော် နှစ်ပါးမှာ ကိုဗစ် စစ်ဆေးရန် ဆေးရုံတွင် ကျန်ရှိနေခဲ့သေးရကြောင်း သိရသည်။

”ဆရာတော်ကြီးတော်ကတော့ ပိုးမရှိတော့ဘူး။ ပြုစုပေးနေတဲ့ကိုယ်တော်( ၂ )ပါးက ဆေးစစ်နေရသေးတယ်။ပိုးမတွေ့ရင် ဆေးရုံက ဆင်းရမယ်။ ပိုးရှိရင်မဆင်းရသေးဘူး” ဟု လိုက်ပါ ကူညီပေးနေသူကြက်ခြေနီအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဆရာတော်ကြီးကို ယခုလ ၁၉ ရက်နေ့က ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိသဖြင့် စစ်တွေဆေးရုံတွင် တက်ရောက်ကုသခဲ့ရသည်။

ဆရာတော်ကြီး ဦးသုဝဏ္ဏသည် သက်တော်( ၇၉)နှစ် ဝါတော် (၅၉)ဝါ ရှိပြီ ဖြစ်ကာ (၁၀) ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ပြန်လည်ကျန်းမာလာခြင်း ဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4538398312838877

Leave a Reply

Your email address will not be published.