Teknaf နာယာပါရာဒုက္ခသည်စခန်းမှ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အပါအဝင်နှစ်ဦးဖမ်းမိဟုဆို

By Narinjara/ 2021 June 1

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက်(Teknaf/ ရခိုင်အခေါ် ကယုချောင်း) မြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံမှ မူဆလင် ဒုက္ခသည်များ နေထိုင်ရာ နာယာပါရာဒုက္ခသည်စခန်းတွင် အကြဖမ်းအဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် နောက်လိုက်တစ်ဦးတို့ကို သေနတ်၊ ဓါးမြှောင်တို့နှင့် အတူ ဖမ်းမိသည်ဟု CBN သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ အကြဖမ်းအဖွဲ့ခေါင်းဆောင်မှာ Mohammad Alam Prakash (၃၅) နှစ်ဖြစ်ပြီး နာယာပါရာ ဒုက္ခသည်စခန်းတွင် အဓိက အကြမ်းဖက်အုပ်စု တစ်ခုဖြစ်သည့် Mahat Alam အဖွဲ့ကဟု သတင်းတွင် ဖော်ပြသည်။

သူနှင့် အတူ ဖမ်းဆီးခံရသူ နောက်လိုက်တစ်ဦးမှာ Rafiq (၂၅) နှစ်ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ နှစ်ဦးကို သတင်းအရ ရဲက စခန်းတွင် ဝင်ရောက်ရှာဖွေရာက မေ ၃၁ ရက် တနင်္လာနေ့ နံနက် ၁၁ နာရီတွင် နာယာပါရာ ဒုက္ခသည်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ရဲလက်နက်ကိုင်တပ်ဖွဲ့  (APBN) အဖွဲ့ အကြီးအကဲ Md Tariqul Islam Tariq က CBN သတင်းသို့ ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ထံမှ ခြောက်လုံးပြူး သေနတ်တစ်လက်နှင့် ဓါးမြောင်တစ်ချောင်းတို့ကို သိမ်းဆည်းရမိသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးမှာ အမှုအများအပြားဖြင့် ရဲက အလိုရှိနေသူများဟုလည်း သတင်းတွင် ရေးသားထားသည်။

https://www.facebook.com/narinjara.info/posts/4371060592905984

Leave a Reply

Your email address will not be published.