By Khit Thit/ 2021 June 1

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာတွင် ယနေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗိုလ်ကျော်သက်ဦးဆောင်သော DKBA (ခွဲထွက်) အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
DKBA ခွဲထွက်အဖွဲ့သည် ယမန်နေ့က ဝေါ်လေမြို့ ရဲစခန်းမှူး၊ ရဲတပ်ဖွဲ့၀င်များနှင့် မီးသတ်တပ်ဖွဲ့၀င်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့မှာ တိုက်ပွဲဖြစ်ပွားသည်ဟု ကရင်အမျိုးသားမီဒီယာတွင် ဖော်ပြသည်။
လက်ရှိအချိန်တွင် ဖလူး-ဝေါ်လေ-ကျောက်ခက် ကျေးရွာသွားလမ်းကို ပိတ်ဆို့ထားပြီး ဒေသခံရွာသားများ တိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။
https://www.facebook.com/khitthitnews/posts/1210853772685300