ALP မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅) ဦး အိန္ဒိယနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခံရ

By Narinjara/ 2021 June 13

ချစ်အိလှိုင်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

၎င်းတို့ (၅)ဦးသည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ALP မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခိုင်စောမြက နိရဥ္စရာကို အတည်ပြုသည်။

“သူတို့ခရီးတစ်ခုထွက်တဲ့လမ်းမှာ ဖမ်းဆီးခံရတာပါ။ ဖြစ်တယ်ဆိုတာကိုသိတယ်။ အာသံရိုင်ဖယ်ဆိုတဲ့ အိန္ဒိယစစ်တပ်တစ်ခုဆီမှာ ဖမ်းဆီးခံရတာပါ။ ဘယ်လိုဖြစ်သွားခဲ့ကြလဲ၊ ဘာကြောင့် ဖမ်းဆီးခံရတာလဲဆိုတာကို အထက်ကို ကျွန်တော်တို့စုံစမ်းနေပါတယ်။ သူတို့နဲ့ အဆက်သွယ်မရသေးဘူး” ဟုပြောသည်။

သူ့အနေဖြင့် ဖမ်းဆီးခံထားရသူများ၏ အမည်ကို အတည်ပြုရန် မေးမြန်းနေပြီး ဖမ်းဆီးခံရသည့်အထဲတွင် အရာရှိတစ်ဦးပါဝင်နေသည်ကို သိရှိထားကြောင်း ဆက်ပြောသည်။

https://www.facebook.com/narinjara.info/posts/4406612609350782

Leave a Reply

Your email address will not be published.