By Western News/ 2021 June 11
AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံ ၄ ဦးကိုလွှတ်ပေးလိုက်သည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးမှ သူတို့ ၄ ဦးလွတ်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းအမှုကိုတရားလိုဖက်မှ အမှုရုပ်သိမ်းပေးလိုက်သည့်အတွက် ယခုကဲ့သို့လွှတ်မြောက်လာခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပးသည့် ရှေ့နေ က Western News ကိုပြောသည်။
ပြန်လွတ်လာသူများမှာ ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်မိုးထွန်းနှင့် ကိုအောင်သိန်းထွန်းတို့ဖြစ်သည်။ ယင်းအထဲမှ ကိုကျော်စိုးဝင်းမှာ တရားသေလွတ်မြောက်လာခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေ သည့်ရှေ့နေကပြောသည်။
“ ကျော်စိုးဝင်းကတော့ တရားသေလွတ်လာတာ။ စွဲချက်မတင်မီလွတ်လာတဲ့သူတွေက သုံးယောက်ဖြစ်တယ်။ သူတို့အမှုတွေကိုတရားလိုဖက်က ရုပ်သိမ်းလွှာတင်ထားတာကို ဒီနေ့တရားရုံးက အမိန့်ချမှတ်ပေးလိုက်တာဖြစ်တယ်။ အဲ့ဒါကြောင့်လွတ်မြောက်လာတာ”ဟု ရှေ့နေဦးကျော်ဆန်းနိုင်ကပြောသည်။
ကိုကျော်စိုးဝင်း၊ ကိုမောင်ကျော်၊ ကိုအောင်မိုးထွန်းနှင့် ကိုအောင်သိန်းထွန်းတို့ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ အမ်းမြို့ရှိ ခမရ(၃၇၁)မှဗိုလ်ကြီးစိုသူထွန်း က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ ကိုမောင်ကျော်နှင့် ကိုအောင်မိုးထွန်းမှာ မိမိတို့ကျေးရွာခမောင်းတော၌ရှိနေစဉ် တပ်မတော်စစ် ကြောင်း တစ်ခုမှ စစ်ဆေးရေးဆောင်ရွက်စဉ် ၎င်းတို့မှာAA နှင့်ဆက်စပ်နေသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ကိုအောင်သိန်းထွန်းမှာ ကဇုကိုင်းကျေးရွာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကိုကျော်စိုးဝင်း မှာ အမ်းမြိုန့ယ်ရှိ အောက်ရွာမှဓာတ်ဆီဆိုင်သို့သွားစဉ် တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/308365864303258