AA စစ်ဦးစီးချုပ်၏ ညီနှင့် ညီမအပါအဝင် ၁ဝ ဦး လွတ်မြောက်လာမှု မိသားစုဝင်နှင့် မေးမြန်းချက် (ရုပ်/သံ)

By Narinjara/ 2021 June 9

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မမိုးနှင်းဖြူအပါအဝင် ၁၀ ဦး ယနေ့ ဇွန်လ ၉ ရက်နေ့ နေ့လယ်ပိုင်းတွင် တရားသေလွတ်မြောက်လာပြီဖြစ်သည်။

လွတ်မြောက်လာသူများမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီနှင့်ညီမဖြစ်သော ကိုအောင်မြတ်ကျော်၊ မယမင်းမြတ် (ခ) မမိုးနှင်းဖြူနှင့် ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်များဖြစ်ကြသည့် ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်သည်။

သူတို့သည် လက်ရှိတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးအတွင်းတွင်ရှိနေသေးသည်ဟုလည်း မိသားစုဝင်များက ပြောသည်။

သူတို့လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး လွတ်မြောက်လာသူထဲတွင်ပါဝင်သည့် ကိုတင်လှိုင်ဦး၏ အမျိုးသမီး ဒေါ်မူမူခိုင်ကို နိရ ဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်ကို ရုပ်သံတွင် ကြည့်ရှုနားဆင်နိုင်ပါပြီ။

https://www.facebook.com/permalink.php?story_fbid=251834006747029&id=100125495251215

Leave a Reply

Your email address will not be published.