၂ ရက်တာကျင်းပခဲ့သည့် ကုန်ဘောင်ကျေးရွာမှ ဆွေမျိုးလှည့်လည်မြင်ကွင်းများ / ဓါတ်ပုံသတင်း

By Western News/ 2021 June 7

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကုန်ဘောင်ကျေးရွာတွင် ကဆုတ်လပြည့်ကျော် (၁၁)ရက်နေ့ ဇွန်လ ၅ ရက်နေ့တွင် ရိုးရာအစဉ်အလာမပျက် ဆွေမျိုးရွာလည်ပွဲတော်ကိုကျင်းပခဲ့သည်။

ထိုပွဲတော်ကို ရမ်းဗြဲမြို့နယ်မှ ကလေး၊ လူကြီးမရွေး လွတ်လပ်စွာ ပါဝင်ဆင်နွဲ့ကြပြီး ကုန်ဘောင်ကျေးရွာအပြင် မိမိတို့ ဆွေမျိုးများရှိရာ အခြားကျေးရွာများသို့ သွားရောက်လည်ပတ်ကြသော ဓလေ့ရိုးရာပွဲလည်းဖြစ်သည်။ ယင်းသို့ ရိုးရာအစဥ်အလာအမျိုးအဆွေ ရွာလည်ပွဲတော်ကို ရမ်းဗြဲမြို့နယ်တွင် အစဥ်အလာမပျက် နှစ်စဥ် နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပြီး ပွဲလာသူများမှာ အဝတ်အစားများကို ပုံစံမျိုးစုံ ဝတ်ဆင်ထားကြကာ လာရောက် ဆင်နွှဲကြလေ့ရှိသည်။

ရိုးရာအစဉ်အလာအမျိုးအဆွေ ရွာလည်ပွဲတော်ကိုနှစ်စဉ် ဇွန်လ ၅ ရက်နေ့ နှင့် ၆ ရက် (၂ ) ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/305859587887219

Leave a Reply

Your email address will not be published.