အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်၊ ၁ ပတ်အတွင်း သက်ငယ်မုဒိမ်းမှု ရခိုင်တွင် ၂ ကြိမ်ဖြစ်ပွား

By Western News/ 2021 June 12

ရခိုင်ပြည်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က အသက်မပြည့် သေးသည့် အမျိုးသမီးငယ်တစ်ဦးကို အသက် ၄၇ နှစ်အရွယ်ရှိ ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဂွမြို့မ ရဲစခန်းမှပြောသည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အဆိုပါအမျိုးသမီး ငယ်မှာ မိခင် ဖြစ်သူနှင့်အတူ ငါးရောင်းနေသူဖြစ်သည်။ အခင်းမဖြစ်ပွားခင်မီ မိခင်ဖြစ်သူမျာငါးဝယ်ရန်အတွက် ပင်လယ်ဖက်ကို သွားသည့်အချိန်တွင် ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဂွမြို့မ ရဲစခန်းမှရဲအရာရှိတစ်ဦးကပြောသည်။

“မနေ့က အဲ့ကလေးမ အမေက ပင်လယ်ဖက်ကို ငါးဝယ်သွားတာပေါ့။ အဲ့အချိန် မှာ သူ့ပထွေးနဲ့ကလေးနဲ့ကလေးမလေးက အိမ်မှာ ကျန်ခဲ့တယ်။ ကလေးမလေးအမေက ငါးမရတဲ့အတွက် အိမ်ကို ပြန်လာတဲ့အချိန်မှာ ကလေးမလေးက အခန်းထဲကနေ ငိုပြီးထွက်ပြေး လာတယ်။ သူ့သမီးကို သူကမေးတော့ ပထွေးက သူ့ကိုသားမယားပြုကျင့်တယ်ဆိုပြီးပြောတာပေါ့” ဟုပြောသည်။

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်၏ မိခင်ကိုယ်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးကို လာရောက်တိုင် တိုင်ကြားသည့်အတွက် ဖြစ်စဉ် ဖြစ်ပွားပြီး နာရီဝက်အတွင်း အဓမ္မပြုကျင့်သည့် ပထွေးဖြစ်သူကိုဖမ်းဆီးပြီး ဂွမြို့မရဲစခန်းကို ပို့ဆောင်လိုက်ကြောင်းမိသားစုဝင်များမှ ပြောသည်။

လက်ရှိတွင် အဓမ္မပြုကျင့်မှုကျူးလွန်သူကို ဂွမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း ဂွမြို့မ ရဲစခန်းမှပြောသည်။

အလားတူပင် ယခုလ ယခုက ဇွန်လ ၄ ရက်နေ့က မြောက်ဦးမြို့နယ်၊ ပီပင်ရင်း စစ်ဘေးရှောင်စခန်းတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အဆိုပါစစ်ဘေးရှောင်စခန်းမှ အသက် ၃၅ နှစ်အရွယ် ဆွေမျိုးတော်စပ်သူ ဦးကျော်လှိုင်မိုးဆိုသူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သေးသည်။

https://www.facebook.com/westernnewsagency/posts/308955147577663

Leave a Reply

Your email address will not be published.