သံတွဲတွင် တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုးတွေ့

By Development Media Group (DMG)/ June 28

ရခိုင်ပြည်၊ သံတွဲမြို့တွင် တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိရသဖြင့် လက်ရှိသံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၅ ဦးရှိလာကြောင်း သိရသည်။

“ဒီနေ့လေးယောက်ထပ်တွေ့တယ်။ သံတွဲတရားရုံးက ဝန်ထမ်းတွေ။ လူနာတွေကတော့ ကျန်းမာရေးကောင်းတယ်” ဟု သံတွဲမြို့နယ်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။

သံတွဲမြိုနယ်တွင် ဇွန်လ ၂၄ ရက်နေ့က ဂျိတ္တောရပ်ကွက် ကျွဲသောက်ကုန်း (အ.လ.က) စာသင်ကျောင်းမှ ဆရာမတစ်ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီးနောက် ယနေ့ ဇွန်လ ၂၈  ရက်နေ့အထိ လေးရက်အကြာတွင် ကိုဗစ်အတည်ပြုလူနာ ၂၅ ဦးအထိ ရှိလာသည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းတွင် ယနေ့ညနေဘက်ထိစာရင်းအရ ရခိုင်ပြည်အတွင်း ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၂၀ ကျော်အထိ ရှိလာနေပြီဖြစ်သည်။
စစ်တွေမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယနေ့ နံနက်ပိုင်းက သေဆုံးသွားပြီးနောက် ရခိုင်တွင် ကိုဗစ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြသည်။

https://www.facebook.com/dmgnewsagency/posts/2048771515275249

Leave a Reply

Your email address will not be published.