ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းမောင်ဦး ဒဏ်ငွေဖြင့် အမိန့်ချ

By Western News/ 2021 June 17

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်စစ်တွေမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းမောင်ဦးကို တရားရုံးမှ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ငွေဒဏ်ဖြင့် အမိန့်ချမှတ်လိုက်ကြောင်းသိရှိရသည်။

၎င်းအမှုတွင် လိုပြသက်သေ ၅ ဦးရှိပြီး ၎င်းတို့အားလုံးကို စစ်ဆေးပြီးစီးသော်လည်း တရားလိုမှရုံးချိန်းတစ်ကြိမ် မှမရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းကြောင့် ဦးသန်းမောင်ဦးအမှုကို စစ်တွေမြို့နယ်တရားရုံး မှ ငွေဒဏ် ၁၀၀၀၀၀ (တစ်သိန်း) ကျပ်အမိန့်ချမှတ် လိုက်ကြောင်း ကာယကံရှင်ဖြစ်သူ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသန်းမောင်ဦးက Western News သို့ပြောသည်။

“ဒီနေ့ပဲ စစ်တွေမြို့နယ် တရားရုံးက ငွေဒဏ် ၁၀၀၀၀၀(တစ်သိန်း) အမိန့်ချလိုက်ပါတယ်။ အမှုမှာက လိုပြသက်သေ ၅ ဦးရှိတယ်။ သူတို့အကုန်လုံးကို စစ်ပြီးပါပြီ။ ဒါပေမယ့် တရားလိုက ရုံးချိန်းကို တစ်ကြိမ်မှ မရောက်ခဲ့ဘူး။ လက်ရှိပညာရေးမှူးကလည်း အရေးမယူပါဘူး လွှတ်ပေးလိုက်ပါဆိုတာတွေလည်းပါတာပေါ့”ဟုပြောသည်။

ရမ်းဗြဲမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းမောင်ဦးမှာ ၎င်း၏ Facebook လူမှုစာမျက်နှာပေါ် တွင် ၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်၏ ဆယ်တန်းရာခိုင်နှုန်းအောင်ချက်ကို မှားယွင်းစွာဖော်ပြခဲ့သည့်အတွက် ပညာရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးစိန်လှထွန်းက လွန်ခဲ့သည့် ၂၀၁၈ခုနှစ် ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဇွန်လ ၈ ရက်နေ့တွင် ဦးသန်းမောင်ဦးကိုယ်တိုင်သွား စစ်တွေမြို့မ ရဲစခန်းသို့သွားရောက်အဖမ်းခံခဲ့သော်လည်း အာမခံကျပ်သိန်း ၁၀၀ ဖြင့် စစ်တွေမြို့မရဲစခန်းကပြန်လွှတ်ပေးပြီး အမှုကိုအပြင်ကနေ ရင်းဆိုင်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/311992050607306

Leave a Reply

Your email address will not be published.