By Western News/ 2021 June 25

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ၏ ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ မိသားစုများနှင့် ယနေ့ ဇွန်လ ၂၆ ရက် မနက်ပိုင်းအချိန်ထိ လုံးဝအဆက်အသွယ် မရကြောင်း ဇနီးဖြစ်သူက Western News ကိုပြောသည်။
ကိုကျော်သန်းလှိုင်ကို ရန်ကုန်လေဆိပ်မှ မည်သည့်အဖွဲ့အစည်းများက ဖမ်းဆီးသွားသည်ကိုမသိရှိရသလို လက်ရှိ အချိန်အထိလည်း ၎င်းကိုမည့်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမသိရှိရသေးကြောင်း ဇနီးဖြစ်သူ မစိုးမိုးအေး ကပြောသည်။
“ကျွန်မယောက်ျားကို လေဆိပ်မှာဘယ်အဖွဲ့အစည်းကဖမ်းသွားလည်းဆိုတာကိုမသိဘူး။ ဖမ်းဆီးသွားတယ်လို့ သတင်းရတယ်။ လေယာဉ်ကွင်းထဲမှာရှိတဲ့ ကျွန်မရဲ့အသိတစ်ယောက်က ဖမ်းသွားတယ် လို့ဖုန်းဆက်ပြောလို့ သိရတာ။ အခုအချိန်ထိ ကျွန်မယောကျ်ားနဲ့ လုံးဝအဆက်အသွယ်မရပါ။ သူ့ကိုဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း မသိရသေးပါ”
ဟု ပြောသည်။
ကိုကျော်သန်းလှိုင်မှာ မည်သည့်အပြစ်တစ်ခုကိုမှ ကျူးလွန်ထားခြင်းမရှိသဖြင့် ယခုလိုဖမ်းဆီးသွားခြင်းကြောင့် မိသားစုများအတွက် နစ်နာမူများရှိသွားသည့်အတွက် တရားမျှတမူကိုလိုလားကြောင်း မစိုးမိုးအေးကပြောသည်။
ကိုကျော်သန်းလှိုင်ဇနီးဖြစ်သူ မစိုးမိုးအေးက
“ဂျန်ပန်ကလေယာက်နဲ့ ၁၂ နာရီမှာလာတယ်။ လေယာဉ်နဲ့လာတဲ့အချိန်မှာ သူက ကျွန်မကို ဖုန်းဆက်သွယ်ခဲ့တယ်။ ရန်ကုန် လေဆိပ်ကို သူက ၉ နာရီလောက်မှာရောက်မယ်ပြောခဲ့တော့ ကျွန်မကဖုန်းဆက်ကြည့်တော့ သူ့ကိုဆက်သွယ်လို့မရတော့ဘူး”
ဟု ပြောသည်။
ရခိုင်လူမှုရေးအသင်း(ဂျပန်)၌ ကိုကျော်သန်းလှိုင်မှာ ၂၀၂၀-၂၀၁၁ ခုနှစ်တွင် ဘဏ္ဍာရေးမူး၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စာရင်းစစ်မူး၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဒုဥက္ကဌ၊ ၂၀၁၃-၂၀၁၄-၂၀၁၅ ခုနှစ်တွင် အတွင်းရေးမူး၊ ၂၀၁၅-၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဥက္ကဌနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပြန်ကြားရေးမှုးစသည်ဖြင့် တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/317762546696923