ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှု တရားလိုသက်သေအားလုံး စစ်ဆေးပြီးစီး

By RFA/ 2021 June 11

(၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုကို မြင်တွေ့ခဲ့ရစဉ်)

■ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဒီနေ့ နေ့လယ်က စစ်တွေ ခရိုင်တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး အဲဒီအမှုမှာ ပါဝင်တဲ့ တရားလိုပြ သက်သေအားလုံးကို စစ်ဆေးပြီးသွားပြီလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက RFAကို ပြောပါတယ်။

အမှုမှာပါဝင်တဲ့ တရားလိုပြ သက်သေ ငါးဦးလုံးကို ဒီကနေ့မှာ စစ်ဆေးပြီးစီးသွားပြီဖြစ်လို့ နောက်အပတ်ရုံးချိန်းမှာ ဦးညီပုကို စွဲချက်တင်သင့်၊ မတင်သင့်နဲ့ပတ်သက်လို့ နှစ်ဖက် လျှောက်လဲချက် ပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဲနဲ့စစ်သားတွေက သူ့ရဲ့နေအိမ်ကနေ လာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလို ပြုလုပ်ပြီး နိုင်ငံတော်ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲထားတာပါ။

နောက်လာမယ့် ဇွန်လ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။

အခုလက်ရှိ ဦးညီပုကို တပ်နယ်မြေတစ်ခုမှာ ထိန်းသိမ်းထားပြီး သူရဲ့ ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်တယ်လို့လည်း သူကဆိုပါတယ်။

ဦးညီပု တရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) ဟာ ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161153736238128

Leave a Reply

Your email address will not be published.